⁩ ⁨တရားစခန်းပေါ် ဗုံးကြဲသွားလို့ ၁၄ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူရှိလို့ သေဆုံးသူထပ်တိုးနိုင်

0 3
0 3

မြောင်၊ ဩဂုတ် ၂၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာက တရားစခန်းပေါ် ကို တိုက်လေယာဥ်နဲ့ ဗုံးကြဲသွားလို့ ၁၄ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူတွေထဲကလည်း သေဆုံးသူထပ်တိုးနိုင်တယ်လို့ မြေပြင်ကူညီရေး လုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီကျော်ခန့်မှာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဥ်တစီးက ဗုံးတလုံးကြဲချခဲ့ပြီးနောက် ပြန်ပတ်လာပြီး ရောကတ်တွေနဲ့ပါ ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရသည့် မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ တရားစခန်းမှာ သေဆုံးသူ ၁၄ ဦး၏ စျာပနမြင်ကွင်းနှင် အပျက်အဆီးများ

“တရားပြပြီးအချိန်မှာ လာကြဲတာ အမျိုးသား ယောဂီဆောင်ပေါ်ကိုကျလို့ အမျိုးသားသေဆုံးသူ များတယ်။ တကယ်လို့ ၃ မိနစ်လောက်သာ စောပြီးလာကြဲရင် တရားပြနေတဲ့အချိန်ဖြစ်လို့ တရားပြတဲ့ဘုန်းကြီးတွေပါ ပါသွားနိုင်တယ်။ အလောင်းတွေဆို ကြည့်လို့မကောင်းဘူး။ အချို့ဆို ခေါင်းတွေပြတ်တယ်။ ဦးခေါင်းခွံတွေ လန်ထွက်သွားတယ်။ ဗိုက်ပွင့် အူတွေအလိ့မ်လိုက် ထွက်နေတာ။ ခြေပြတ်၊ လက်ပြတ်အများကြီး။ မိသားစုဝင်တွေကိုတောင် မျက်နှာလေးပဲ ပြလိုက်တာ။ ကျန်တဲ့နေရာတွေ မပြတော့ဘူး။ ကြည့်ဖို့ တော်တော်လေး အဆင်မပြေဘူး”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူ ကိုနွေဦးမြောင်က ပြောပါတယ်။

ဗုံးကြဲခံရမှုကြောင့် ဆွဲလွဲအိုရွာသားအပါအဝင် အုန်းနဲဘုတ်၊ ပုသိမ်မ၊ ပေါက်တောနဲ့ အညွှန့်စတဲ့ကျေးရွာတွေက အသက် ၅၀ ကနေ ၇၀ ကြားရှိ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရသည့် မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ တရားစခန်းမှာ သေဆုံးသူ ၁၄ ဦး၏ စျာပနမြင်ကွင်းနှင် အပျက်အဆီးများ

ဒါ့အပြင် ဒဏ်ရာရရှိသူတွေမှာ အသက် ၅၀ ကနေ ၇၀ ကြားရှိ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ပါဝင်ပြီး၊ အခြေနေ စိုးရိမ်ရသူ ၅ ဦးထက်မနည်းပါဝင်လို့ သေဆုံးထပ်တိုးနိုင်တဲ့ အခြေနေရှိတယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံရမှုအပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းက အဆောက်အဦးတွေ ပျက်စီးကြပြီး ဆွဲလွဲအိုရွာခံအားလုံး ထွက်ပြေးကြသလို သေဆုံးသူတွေကို ရွာမှာပဲ သင်္ဂြိုလ်ပေးလိုက်ကြရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ နီးစပ်ရာဆေးခန်းကို ပို့ဆောင်ကာ ဆေးကုသမှုတွေ ပြုလုပ်ပေးနေကြပါတယ်။

ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရသည့် မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ တရားစခန်းမှာ သေဆုံးသူ ၁၄ ဦး၏ စျာပနမြင်ကွင်းနှင် အပျက်အဆီးများ
ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရသည့် မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ တရားစခန်းမှာ သေဆုံးသူ ၁၄ ဦး၏ စျာပနမြင်ကွင်းနှင် အပျက်အဆီးများ

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာထဲက အများပြည်သူ အင်တာနက်အသုံးပြုနေတဲ့ စတားလင့်ဆိုင်ကို ဗုံးကြဲခံရလို့ ၂ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့သလို သြဂုတ်လ ၂၀ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ရင်ခပ်ကုန်းကျေးရွာက စတားလင့်ဆိုင်နဲ့ ရင်ခပ်ကုန်းရွာနဲ့ သပြေသာကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့ တောရဘုန်းတော်ကြီးကျောင်းတွေ ဗုံးကြဲခံရလို့ သံဃာတပါးအပါအဝင် ၂ ဦး သေဆုံးခဲ့မှုတွေ ဖြစ်ခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။