ပန်းတောင်းမှာ ဧရာဝတီမြစ်ရေတက်လာလို့ ပြည်သူအချို့ စတင်ပြောင်းရွှေ့နေရ

0 8
0 8

ပန်းတောင်း၊ ဩဂုတ် ၁၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲက ထုံးဘိုမြို့မှာ ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် ဒေသခံအချို့ စတင်ပြောင်းရွှေ့နေရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ဩဂုတ် ၁၂ ရက် မနေ့ညနေကစတင်ပြီး ထုံးဘိုမြို့ ခတ္တိယရပ်ကွက်က အိမ်ထောင်စု ၈ စု လူဦးရေ ၄ဝ လောက်ဟာ မဟာအတုလအန္နတမုနိ ဘုရားကြီးဝန်းထဲကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

ပုံစာ – ယနေ့မနက် ခတ္တိယရပ်ကွက်ကို မြစ်ရေဝင်ရောက်နေမှုမြင်ကွင်း။

“လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက မြစ်ရေက တက်လာတာ ရေတက်ကြမ်းတာ တခါမှ မကြုံဖူးဘူး။ အရင်က တနေ့တထွာလောက် တက်တယ်ဆိုရင် ခုက တနေ့တတောင်လောက် တက်တာမျိုး” လို့ ထုံးဘိုမြို့ခံတဦးကပြောပါတယ်။

မြစ်ရေဆက်တက်ပါက ထုံဘိုမြို့ တောင် ၁၊ တောင် ၂၊ ခတ္တိယနဲ့ညရွာသစ်ကုန်း စတဲ့ ရပ်ကွက်တွေကိုလည်း ရေဝင်ရောက်မှာဖြစ်ပြီး လက်ရှိမှာတော့ စိုက်ပျိုးသီးနှံခင်းတွေကို ရေဝင်ရောက်တာမျိုး မရှိသေးဘူးလို့ သူကဆက် ပြောပါတယ်။

ပုံစာ – ယနေ့မနက် ခတ္တိယရပ်ကွက်ကို မြစ်ရေဝင်ရောက်နေမှုမြင်ကွင်း။
ပုံစာ – ယနေ့မနက် ခတ္တိယရပ်ကွက်ကို မြစ်ရေဝင်ရောက်နေမှုမြင်ကွင်း။

ထုံးဘိုမြို့ဟာ နှစ်စဉ် ဧရာဝတီမြစ်ရေဝင်ရောက်လေ့ရှိပြီး၊ ၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း ခတ္တိယ၊ ရွာသစ်ကုန်း တောင် ၁ ရပ်ကွက် ၃ လမ်းက နေအိမ်အချို့ ရေဝင်ရောက်ခဲ့သလို တထပ်နေအိမ်အချို့ ရေမြုပ်လုနီးပါးဖြစ်တဲ့အပြင် အထက်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းခွဲ ၃ ကျောင်း၊ အလယ်တန်းခွဲနဲ့ မူလတန်းကျောင်းအချို့ ယာယီပိတ်ခဲ့ရပါသေးတယ်။

ပန်းတောင်းမြို့နယ်ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပြီး ရခိုင်ပြည်နယ်အပြင် မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့နဲ့ ထိစပ်နေတဲ့ မြို့နယ် ဖြစ်ပြီး၊ ထုံးဘိုမြို့ဟာ ဧရာဝတီတိုင်း နယ်ခြားမျဉ်းနဲ့ ထိဆက်နေတဲ့ မြို့ဖြစ်ပါတယ်။

ဓါတ်ပုံ – လူမူကွန်စာမျက်နာမှ ကူးယူဖော်ပြသည်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။