ချင်းတွင်းမြစ်ရေလျှံလို့ ယင်းမာပင်နဲ့ ဆားလင်းကြီးက စိုက်ခင်းဧက ၁၀၀ ခန့် ရေမြုပ်ပျက်စီး

0 2
0 2

မြေလတ်အသံ၊ ဩဂုတ် ၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေက ရာနဲ့ချီတဲ့ စိုက်ခင်းတွေထဲ ချင်းတွင်းမြစ်ရေလျှံလာတာကြောင့် ပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း

မုံရွာမြို့တဖက်ကမ်း ချင်းတွင်းမြစ်ဘေးတလျှောက်က အင်းတွေနဲ့ လယ်တွေထဲကို ဩဂုတ်လ ပထမပတ်ထဲကစလို့ ချင်းတွင်းမြစ်ရေ ဝင်လာခဲ့တာဖြစ်ပြီး ဒေသခံတောင်သူစိုက်ခင်းတွေ ပျက်စီးကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း
ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း
ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း

“ဒီကတော့ ခရမ်း၊ နှမ်း၊ မြေပဲ၊ ကြက်သွန် အဲဒါတွေ စိုက်တဲ့ လယ်ကွက်တွေ၊ အဲဒီလယ်တွေထဲ မြစ်ရေဝင်လာတာ ၂ ရက် ၃ ရက်တော့ ရှိပြီ။ ဒီနေ့ ရေက အတော်တက်လာတယ်။ ရေကလည်း ဆက်တက်ဦးမယ့် အနေအထားရှိတယ်။” လို့ ယင်းမာပင်ဒေသခံ တောင်သူတဦးက ပြောပါတယ်။

ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း
ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း
ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း

ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ မိုးအဆက်မပြတ် ရွာသွန်းနေပြီး ချင်းတွင်းမြစ်ရေအပြင် မြောက်ယမားချောင်းရေကလည်း တက်လာနိုင်တာကြောင့် စိုက်ခင်းပျက်စီးတာတွေ ထက်ရှိလာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း
ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း
ပုံစာ – ယင်းမာပင်မြို့နယ် ဘိန်နွယ်ချောင်ကျေးရွာ စိုက်ခင်းများ ရေနစ်မြုပ်နေမှု မြင်ကွင်း

“နောက်တပတ်လောက် (မိုး)ထပ်ရွာရင်တော့ ဒီ့ထက် ပျက်စီးနိုင်တယ်။ ခရမ်းက ဈေးလေး ကောင်းနေတုန်း အခင်းတွေ ရေမြုပ်ကုန်တော့ တောင်သူတွေက နှမြောတာပေါ့။ ဒီနားမှာ စိုက်ခင်းတွေက ဧက ထောင်နဲ့ချီ ရှိတယ်။ အခုတော့ အကုန်မဝင်သေးဘူး။ ရွာတွေထဲ ထပ်ဝင်လာရင် ကွမ်းခြံတွေလည်း ပျက်စီးနိုင်တယ်။” လို့ ဒေသခံတဦးက ဆိုပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲရှိ ချင်းတွင်းမြစ်ဘေးကျေးရွာအချို့က မြစ်နဲ့နီးတဲ့ နေအိမ်အချို့လည်း ရေဝင်နေတာရှိပြီး ဒေသခံတွေလည်း သတိထားနေထိုင်နေရတယ်လို့ သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။