⁨အုတ်ဖိုက ပ.က.ဖ ယာယီစခန်း ဗုံးကြဲခံရလို့ ၂ ဦးဒဏ်ရာရ

0 0
0 0

အုတ်ဖို၊ ဩဂုတ် ၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ် တနေရာရှိ သာယာဝတီခရိုင် ပ.က.ဖ ယာယီစခန်း ဗုံးကြဲခံရလို့ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံရ သိရပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ မနက် ၈ နာရီခန့်ကနေ နေ့လည် ၁ နာရီဝန်းကျင်ခန့်အထိ စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ကိုင်းကြီးကျေးရွာအနီး ၂ လုံး၊ ရိုးမပေါ်ရှိ ယာတဲနေရာတွေကို ၅ လုံးကြဲသွားတယ်လို့ ဆိုပါတယ်။

“ကျန်နေရာတွေမှာတော့ ထိခိုက်မရှိဘူး။ စခန်းနေရာမှာတော့ ရဲဘော် ၂ ယောက် ထိခိုက်တာ ရှိတယ်။ နည်းနည်းပါးပါး မစိုးရိမ်ရဘူး။ လက်လောက်ပဲထိတာ။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် ပ.က.ဖ အဖွဲ့ဝင် ၂ ဦးဒဏ်ရာရပြီး အနီးအနားရှိတဲတွေ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းထိ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ်ကို စစ်ကော်မရှင်ဘက်က Y-12 ၊ ဂျက်ဖိုက်တာတွေနဲ့ ကင်းထောက်နေတာရှိပြီး ဗုံးကြဲချတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ဗျူဟာ ၂၂ ဗျူဟာမှူး စောဂျိမ်းနဲ့အဖွဲ့ဟာ အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာမှာရှိနေချိန် စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာနဲ့ စက်တပ်လေထီးတွေအသုံးပြုကာ ကျေးရွာထဲကို ဗုံးကြဲခဲ့လို့ စောဂျိမ်းမှာ ဒဏ်ရာပြင်းထန်ဒဏ်ရာရခဲ့သလို ရွာခံအမျိုးသား ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – လေယာဉ်နဲ့ ဗုံကြဲခံရတဲ့ အုတ်ဖိုက ပ.က.ဖ ယာယီစခန်း (ပုံအဟောင်း)

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။