စစ်ကောင်စီတပ်ကို ထမင်းချက်ပေးနေတဲ့ အမျိုးသမီးအား ဆေးကြောင်နေတဲ့တပ်သားက နေအိမ်ပေါ်တက် သေနတ်နဲ့ပစ်သတ်

0 1
0 1

စလင်း၊ ဇူလိုင် ၁၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြုုကျွန်းမြို့၊ အေးစုဖိုစု ရပ်ကွက်မှာ အမျိုးသမီး ၁ ဦးကို စစ်ကော်မရှင် တပ်သားတဦးက နေအိမ်ပေါ်တက်သေနတ်နဲ့ ပစ်သတ်သွားတယ်လို့မြို့ခံတွေထံက သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ညနေ ၄ နာရီခန့်မှာ သရက်ချဥ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား သန့်ဇင်ဆိုသူဟာ အသက် ၄၀ ကျော်အရွယ် မနွယ်နီဦး နေအိမ်ကိုရောက်လာပြီးနောက် စကားများရန်ဖြစ်ကာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။

“သေသွားတဲ့မိန်းမက အဲစစ်သားတွေကို ထမင်းချက်ပြုတ်ကျွေးနေတဲ့သူလို့ သိရတယ်။ စစ်သားက ထမင်းချိုင့် လာယူချိန် ဘယ်လိုဖြစ်လဲမသိဘူး ပစ်သတ်သွားတယ်။ ဆေးလည်းကြောင်နေတယ်ပြောတယ်။ ထမင်းအချိန်မှီမရလို့ဖြစ်မယ်”လို့ မြို့ခံတဦးကပြောပါတယ်။

စစ်ကော်မရှင်တပ်သားက ပစ်တဲ့ ကျည်ထိမှန်လို့ အမျိုးသမီးမှာ ဦးခေါင်းပွင့်ထွက်ကာ ဦးနှောက်ထွက်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ အဆိုပါ အမျိုးသမီးသေဆုံးမှုမှာ PDF တွေဘက် လာရောက်ပစ်သတ်သွားတယ်ဆိုပြီး သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်ခဲ့တဲ့ စစ်သားကိုတော့ စစ်ကော်မရှင်အဖွဲ့က ပြန်ဖမ်းသွားပြီး စလင်းတပ်နယ်ထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇွန်လ ၂ ရက်နေ့ကလည်း ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် ၁ ဦး ကျေးရွာအနီး စိုက်ခင်းထဲရှိနေချိန် ပျူစောထီးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်လို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။