⁩ ⁨ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ်ပြုလုပ်ခဲ့တဲ့ ဝက်လက်က တာဝေးအပြေးပြိုင်ပွဲ

0 3
0 3

ဝက်လက်၊ ဇွန် ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်မြောက် မွေးနေ့အကြို ၈ မိုင် ၁ ဖာလုံတာဝေးပြေးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဆီက သိရပါတယ်။

ဇွန် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီပြိုင်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီး ဝက်လက်မြို့နယ်ရှိကျေးရွာပေါင်း ၃၀ က ပြိုင်ပွဲဝင် ၂၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ပြိုင်ပွဲလမ်းတလျှောက် ကျေးရွာတွေက ပြည်သူတွေဟာလည်း ပြိုင်ပွဲဝင်တွေကို စည်စည်ကားကားအားပေးခဲ့ပြီး ဆုပေါင်း ၁၉ ဆု ချီးမြှင့်ခဲ့ကာ သက်ကြီးပြိုင်ပွဲဝင်တွေအတွက် သီးသန့်ဆုတွေလည်းပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

ပြိုင်ပွဲကို ဝက်လက်မြို့နယ်သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ကျင်းပခဲ့ပြီး ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ကျောင်းသားသမဂ္ဂတွေက ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။