UFC အဆင့် ၁၃ ဖိုက်တာနဲ့ မတ်လမှာ ထိုးသတ်သွားမယ့် ဗန် (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇန်နဝါရီ ၄၊ ၂၀၂၅။

UFC မှာ ထိုးသတ်ရင်း ၂၀၂၄ ခုနှစ်ရဲ့နှစ်ကုန်ပိုင်းမှာ အဆင့်သတ်မှတ်ချက် ၁၅ ထိရောက်အောင် စွမ်းဆောင်ပြခဲ့တဲ့ ချင်းဖိုက်တာလေးဗန်ကတော့ လာမယ့်မတ်လမှာပြုလုပ်မယ့် UFC-313 ပြိုင်ပွဲမှာ အခုနှစ်အတွက် ပထမဆုံးပွဲကို ထိုးသတ်သွားမယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးခဲ့ပါတယ်။

ဗန်နဲ့ယှဉ်ပြိုင်ထိုးသတ်သွားမယ့်သူကတော့ UFC အဆင့်သတ်မှတ်ချက် ၁၃ မှာရှိတဲ့ အသက် ၃၄ နှစ်အရွယ် ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗား ဖြစ်ပြီး UFC မှတ်တမ်းမှာ ၂၀၂၄ ဒီဇင်ဘာမှာရှုံးခဲ့တဲ့ပွဲမတိုင်ခင်အထိ လေးပွဲဆက်တိုက် အနိုင်ယူပွဲကြမ်းပြထားသူတယောက် ဖြစ်ပါတယ်။ ဗန် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ပြီး အမှတ်နဲ့အနိုင်ယူထားတဲ့ ကိုဒီဒန် ကိုလည်း ၂၀၂၄ ဇူလိုင်လတုန်းက အလဲထိုးနဲ့အနိုင်ရထားပါတယ်။ အသက်အရွယ်ကွာဟပေမယ့် စွယ်စုံရတဲ့ကစားသမားတယောက်ဖြစ်ပြီး သက်လုံပိုင်းလည်းကောင်းမွန်သူဖြစ်တာကြောင့် ဗန်အတွက်လွယ်ကူတဲ့ပြိုင်ဘက်တော့ မဟုတ်ပါဘူး။ 

ဗန်ဟာ UFC ရဲ့ ၂၀၂၅ ခုနှစ်အတွင်း ပိုမိုတောက်ပလာနိုင်တဲ့ဖိုက်တာစာရင်းမှာ ရွေးချယ်ဖော်ပြခံထားရတာကြောင့် ယုံကြည်ချက်မြင့်မားနေမှာ သေချာပါတယ်။ ဒီပွဲမှာယှဉ်ပြိုင်ထိုးသတ်ရမယ့် ဘရူနိုဆေးလ်ဗားဟာ လုံးတူဆိုဒ်တူလို့ ပြောလို့ရတာကြောင့် ဗန်အနေနဲ့ အရင်ပွဲတွေလောက် ရင်းထိုးစရာမလိုဘူးလို့ မြင်မိပါတယ်။ နှစ်ဦးစလုံးဟာ အရပ်နဲ့လက်တံ ပြောပလောက်အောင်မကွာဘဲ ချုပ်ကွက်အသုံးပြုကစားတာထက် ဆိုင်ထိုးပြိုင်ထိုးကြသူတွေဖြစ်တာကြောင့် ပရိသတ်တွေအတွက် ကြည့်ကောင်းမယ့်ပွဲတပွဲဖြစ်မှာသေချာပါတယ်။ 

Photo – mma-compass .

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။