ကပစ ၂၂ စစ်ကြောင်းမိုင်းဆွဲခံရလို့ ၂ ဦးသေဆုံးပြီး ခြေပြတ်သူတွေလည်းရှိ

0 1
0 1

ဆိပ်ဖြူ၊ မေ ၈၊ ၂၀၂၆။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံကထွက်လာတဲ့ အင်အား ၅၀၀ ကျော်ပါစစ်ကြောင်းကို နင်းမိုင်း၊ တိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး LDF အဖွဲ့ဆီက သိရပါတယ်။

မေလ ၆ ရက်မှာ ပေါက်၊ ဆိပ်ဖြူ၊ ပုသိမ် နဲ့ မုံရွာ လေးလမ်းဆုံနေရာရဲ့ အနောက်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးခြေထောက်တွေ ပြတ်သွားတယ်လို့ ဆိုပါတယ်။

“မိုင်းထိပြီးတော့မှ လမ်းဘေးတွေမှာပဲ မြှုပ်ထားခဲ့တာတွေရှိတယ်။ သယ်သွားတာတွေရှိတယ်။ ခြေပြတ်တာတွေလည်း အဲ့တိုင်းထားခဲ့တယ်။ အလောင်းတွေကိုကျ ချောက်လျှိုမြောင်တွေကြား မြှုပ်ခဲ့တာ။ ကျနော်တို့ကကျ မိုင်းတွေထားခဲ့မှာစိုးလို့ လိုက်မရှာရဲဘူး။ စစ်ကြောင်းကပေါက်မြို့ကို ရောက်သွားပြီ”လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး LDF အဖွဲ့ရဲ့ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကို ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF၊ ပေါက်မြို့နယ်ပကဖ၊ ရပ်ကျေးပကဖအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်သုံးပစ္စည်တွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ အထက်ပါတာ၀န်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်း ၁ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၃ ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။