ဆားလင်းကြီး ထွေအုပ်ရုံးနဲ့ ရဲစခန်း ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရ

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့က စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ကို ၂ ရက်ဆက်တိုက် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၉၀ ခန့်တပ်စွဲထားတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ခန့် ရှိတဲ့ မြို့မရဲစခန်းတို့ကို ဇန်နဝါရီ ၂၁ နဲ့ ၂၂ ရက်တို့မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အဓိကတော့ ရုံးအဆောင်တွေနေရာနဲ့ အဝင်ပေါက်နေရာတွေကိုချခဲ့တာ။ အထိအခိုက်များရှိနိုင်ပါတယ်။ အတည်တော့မပြုရသေးပါ။ ထွေအုပ်ရုံးမှာက‌ ရုံးဆင်းတာရှိတယ်။ ရဲစခန်းနဲ့တော့ မျက်စောင်းထိုးလောက်ဖြစ်တယ် ”လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဖက်တီးက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီကျော်မှာ ဒရုန်း ၁ စီးအသုံးပြုပြီး ထွေအုပ်ရုံးကို 1Kg ဗုံးသီး ၂ လုံး၊ ရဲစခန်းကို ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့တာပါ။

ဇန်နဝါရီ ၂၂ ရက်မနက် ၇ နာရီကျော်မှာတော့ ဒရုန်း ၂ စီးအသုံးပြုပြီး ထွေအုပ်ရုံးကို 1Kgဗုံးသီး ၃ လုံး၊ ရဲစခန်းကို ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“၂၁ ရက်နေ့မှာ ၁ စီးတည်းကို အချိန်ယူ နားပြီးလွှတ်ခဲ့တာပါ။ ၂၂ ရက်မှာတော့ ၂ စီးပါ။ ၁ စီးကို ၁ လုံးပဲချိတ်ခဲ့ပြီးချခဲ့တာပါ”လို့ ကိုဖက်တီးက ပြောပါတယ်။

၂ ရက်တာတိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီတပ်သားတွေက ဒရုန်းပျံသန်းလာတဲ့နေရာတွေကို မှန်းဆပြီးတော့ လက်နက်ငယ်တွေနဲ့ တောက်လျောက်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃၊ တပ်စိတ် ၁ 5/Fighter Group(Monywa)၊ SOLO AUNG GYI(salingyi) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။