မိတ္ထီလာကန်အတွင်း ခုန်ချတဲ့အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး

0 0
0 0

မိတ္ထီလာ၊ ဧပြီ ၂၊ ၂၀၂၆။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ဓမ္မသုခ ရွှေစည်းခုံဘုရား တောင်ဘက်အခြမ်း မိတ္ထီလာကန်အတွင်း ခုန်ချတဲ့ အမျိုးသမီး ရေနစ်သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ရှင်မြို့ကျေးရွာနေသူ အသက် ၂၃ နှစ်အရွယ် မအိသီရိစိုးဖြစ်ပြီး ဧပြီ ၁ ရက်မနက် ၉ နာရီမှာ ရထားသံလမ်းပေါ်ကနေ ကန်အတွင်းကို ခုန်ချခဲ့တာလို့ ဆိုပါတယ်။

“သူခုန်ချတာကို အဝေးကလူတွေကမြင်လိုက်ပြီးတော့ ခုန်ချပြီ ခုန်ချပြီဆိုပြီးတော့ ချက်ချင်းလိုက်ဆယ် ကြတာပဲ။ ဒါပေမယ့်ဆယ်ရတဲ့အချိန် အသက်မရှိတော့ဘူး။ သူကအိမ်ကနေထွက်လာတော့ အလုပ် သွားမယ်ဆိုပြီးထွက်လာတာ။ အလုပ်မှာကျတော့ ခွင့်ယူမယ်ဆိုပြီး ခွင့်တိုင်ထားတာ”လို့ ကူညီဆောင်ရွက်ပေးခဲ့သူကပြောပါတယ်။

အလောင်းကိုတော့ဒေသခံတွေက မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် စစ်ဆေးမှုတွေ ပြုလုပ်ပြီး နေ့ချင်းအိမ်ပြန်သယ်သွားတယ်လို့ သိရပါတယ်။

မအိသီရိစိုးဟာ မိခင်နဲ့အတူနေထိုင်သူဖြစ်ပြီး မိသားစုနဲ့လည်းအဆင်ပြေသူဖြစ်တယ်လို့ သိရကြောင်း အထက်ပါ ကူညီဆောင်ရွက်ပေးခဲ့သူကပြောပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။