ကျောက်ကြီးမှာ စစ်တပ်ဂိတ်စခန်းတိုက်ခိုက်ခံရလို့ အရာရှိအပါ ၅ ဦးသေဆုံး

0 13
0 13

■ ခမရ ၅၈၁ ကတပ်သား လက်နက်ချအလင်းဝင်

မြေလတ်အသံ၊ ဧပြီ ၂၊ ၂၀၂၆။

ကရင်အမျိုးသားအစည်းအရုံး – KNU၊ ကော်သူးလေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် (ကျောက်ကြီး) ရှိ စစ်ကော်မရှင်ရဲ့ဂိတ်စခန်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ KNU က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သာယာကုန်းနဲ့ ခြံကြီးကြားမီးရထားလမ်း (၁၄၆) တံတားမှာ အခြေချထားတဲ့ဂိတ်စခန်းကို မတ်လ ၃၁ ရက်ည ၁၀ နာရီခွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉၊ တပ်ခွဲ ၃ က ဦးဆောင်ကာ ပူးပေါင်းစစ်ကြောင်းနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အရာရှိ ၁ ဦးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ငယ် ၆ လက်၊ ကျည်မျိုးစုံ ၂၃၀ တောင့်ကိုသိမ်းဆည်းကာ စခန်းတဲ ၃ လုံးကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓါတ်ပုံ – KNU

တဖက်မှာလည်း လယ်ဒိုမြို့နယ် (ကျောက်ကြီး) အခြေစိုက် ခမရ ၅၈၁ က စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး လက်နက်နဲ့အတူ KNLA တပ်ရင်း ၉ ဆီ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းအတွက်ဖမ်းဆီးခံရာက စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဖြစ်လာတဲ့ အသက် ၂၄ နှစ်အရွယ် တပ်သား မောင်ကျော်စိုးလွင်ဟာ မူးမြို့နယ်၊ တောင်စုရွာမှာအထိုင်ချစဥ် လက်နက်ချအလင်းဝင်လာခဲ့တာလို့ ဆိုထားပါတယ်။

သူနဲ့အတူ K3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်တောင့် ၁၀၀ ပါလာတဲ့အတွက် လယ်ဒိုမြို့နယ်တာဝန်ရှိ ခေါင်းဆောင်တွေက ငွေကျပ် ၁၀ သိန်းကျပ်ထောက်ပံ့ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခလယ်လွီခရိုင် (ညောင်လေးပင်) အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်း ထိုးသတ်ဖြတ်မှု တွေလည်းလုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ မတ်လပထမပတ်အတွင်းမှာလည်း လယ်ဒို(ကျောက်ကြီး) မြို့နယ်မှာ စစ်ကော်မရှင်တပ်တွေရဲ့လက်ချက်နဲ့ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေအပါ ဒေသခံ ၃၀ ကျော်သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။