NUG လက်အောက်ခံ စာသင်ကျောင်းက ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

0 1
0 1

မကွေး၊ ဇွန် ၁၃၊ ၂၀၂၃။

မကွေးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ အထက်တန်းကျောင်း တကျောင်းက ကလေးတွေကို MOH – Ministry Of Health ရဲ့ မြို့နယ်ကျန်းမာရေးဌာနနဲ့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG တို့ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါတယ်။

MRG တပ်ဖွဲ့ဝင်တွေနဲ့အတူ CDM ဆရာဝန် ၁ ဦးနဲ့ သူနာပြု ၄ ဦးတို့က ဇွန်လ ၁၃ ရက် ဒီနေ့မနက် ၈ နာရီကနေ နေ့လယ် ၁ နာရီခွဲအထိ ဆေးဝါးကုသပေးခဲ့ကြတာပါ။

“ကလေးတွေကို သွေးပေါင်ချိန်တိုင်းပေးတာတွေ၊ ဆေးထိုးဖို့လိုအပ်ရင် ဆေးထိုးပေးတာတွေ၊ သောက်ရမဲ့ ဆေးတွေကိုလည်း ပေးခဲ့တယ်”လို့ မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ရာသီဥတုအပြောင်းအလဲမှာ အဖျားပိုးဝင်နေတဲ့ အလယ်တန်း၊ မူလတန်းက ကလေးတွေနဲ့ ထိခိုက်ဒဏ်ရာရထားတဲ့ကလေး စုစုပေါင်း အယောက် ၇၀ နီးပါးကို ကုသပေးခဲ့တာပါ။

ဒီတကြိမ် လာရောက်ကုသပေးတဲ့အထဲမှာ ကလေးငယ်တွေသာ ပါဝင်ပြီး၊ အသက်ကြီးပိုင်းတွေတော့ လာရောက်ပြသတာမျိုး မရှိခဲ့ပါဘူး။

ခုလို ဆေးကုသပေးတာဟာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက်ရှိပြီး ကျေးရွာ ၅ ရွာက ဒေသခံပြည်သူ ၃၀၀ လောက်ကို ကုသပေးနိုင်ခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။