စစ်တပ်အထိုင်ချထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးပေးခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးပေးခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁၂ ရက်မှာ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Myaung Special Drone Force တပ်ဖွဲ့မှ တာဝန်ခံတဦးက ပြောပါတယ်။

ဇွန်လ ၁၂ ရက် မနက် ၆ နာရီခွဲခန့်မှာ ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းဗုံးသီး ၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့သလို ကျောက်ရစ်ကျေးရွာရှိ ဆေးပေးခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း ဒရုန်းဗုံးသီးတလုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကျောက်ရစ်ဆေးပေးခန်းဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ကိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီတပ်တွေက အထိုင်ချတပ်စွဲထားတာဟာ ၈ လကျော် ရှိနေပြီလို့ သိရပါတယ်။

“ပစ်ခတ်လိုက်တဲ့အချိန်မှာ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေတော့ ရှိနိုင်တယ်။ ဘယ်နှစ်ယောက် ထိခိုက်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပါ ” လို့ Myaung Special Drone Force တပ်ဖွဲ့မှ တာဝန်ခံတဦးက ပြောပါတယ်။

Drone နဲ့ပစ်ခတ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးပေးခန်းကနေ ထွက်လာပြီးနောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျောက်ရစ်ရဲစခန်းနဲ့ ကျောက်ရစ်ဆေးပေးခန်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၁၅၀ နီးပါးနဲ့ တပ်စွဲထားတာပါ။ အဲဒီ ရဲစခန်း နဲ့ ဆေးပေးခန်းဟာ မီတာ ၁၅၀ (ပေ ၅၀၀) လောက်သာ ကွာဝေးပြီး ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူအင်အားထပ်မံဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို Myaung Special Drone Force၊ ချင်းတွင်းတပ်ပေါင်းစု၊ CHU – PDF နဲ့ မိတ္ထီလာခရိုင် တပ်ရင်း (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ ဇွန် ၉ ရက်ကလည်း MSPDF တပ်ဖွဲ့ဟာ ပရိမ္မရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခြုံခိုတိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း − လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။