ကိုပါအမေရိက ဗိုလ်လုပွဲ အာဂျင်တီးနားနှင့် ကိုလံဘီယာအသင်းတို့ တွေ့ဆုံ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇူလိုင် ၁၁၊ ၂၀၂၄။

အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိက ၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာ​အသင်းတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ကနေဒါ၊ ချီလီ၊ ပီရူး အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်မှာ အီကွေဒေါအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ကနေဒါအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ကိုလံဘီယာအသင်းအနေနဲ့လည်း အုပ်စုပွဲစဉ်တွေမှာ ပါရာဂွေးနဲ့ ကော်စတာရီကာကို အနိုင်ရရှိခဲ့ကာ ဘရာဇီးကို သရေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ကွာတားဖိုင်နယ်အဆင့်မှာ ပနားမားအသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဥရုဂွေး အသင်းတို့ကိုအနိုင်ယူခဲ့ကာ ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ကိုပါအမေရိက ဗိုလ်လုပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီမှာရှိတဲ့ Hard Rock Stadium မှာ ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် ည ၈ နာရီ​ (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် မနက် ၆ နာရီ ၃၀ မိနစ်) အချိန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဓါတ်ပုံ – ESPN 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။