ကန့်ဘလူနယ်က စစ်ရှောင်စခန်း ၂ ခုကို ကျွန်းလှအဖွဲ့က စားသောက်ကုန်နဲ့ အဝီစိရေတွင်း လှူဒါန်း

0 1
0 1

စစ်ကိုင်း၊ ဇွန် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၂ ခုကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က စားသောက်ကုန်၊ ဆေးဝါးနဲ့ အဝီစိရေတွင်းကို ဇွန်လ ၂ ရက်က သွားရောက်လှူဒါန်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

လူဦးရေ ၁၈၂ ဦးရှိတဲ့ အဆိုပါစစ်ဘေးရှောင်စခန်း ၂ ခုကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆန် တင်းပေါင်း ၄၀၊ ဆီပုံကြီး ၄ ပုံး၊ ငပိ၊ ဆားနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းက ပြည်သူတွေဟာ အနီးနားမှာရှိတဲ့ ချောင်းရေကိုသာ အသုံးပြုနေရတဲ့အတွက် ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တာကြောင့် အဝီစိရေတွင်းကို ဆောက်လုပ်လှူဒါန်းပေးခဲ့ရာ လက်ရှိမှာ အဝီစိတွင်းကနေ ရေတွေရနေပြီလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံစားသောက်ကုန်တွေကို လှူဒါန်းဖြစ်ပါတယ်။ အခုလို လှူဒါန်းရတာကလည်း လက်လှမ်းမီသလောက် ကူညီတဲ့သဘောပါ။ စစ်ရှောင်စခန်းမှာ လိုအပ်နေတဲ့ အခြေခံဆေးဝါးတွေလှူပေးခဲ့တယ်” လို့ သူက ဆိုပါတယ်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ အခုလို အဝီစိတွင်းလှူဒါန်းတာဟာ ပထမအကြိမ်ဖြစ်ကြောင်း၊ အခုလိုလှူဒါန်းလိုက်တဲ့အတွက် ငွေကြေးအားဖြင့် ၆,၆၅၆,၀၀၀ ကျပ်တိတိကုန်ကျသွားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နဲ့ ၂၅ ရက်ကလည်း ကန့်ဘလူခရိုင်ထဲက စစ်ဘေးရှောင်ပြည်သူ ၂ ဦးဖြစ်တဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတဦးတို့ဟာ မြွေပွေးကိုက်ခံရလို့ အိန္ဒိယ မြွေဆိပ်ဖြေဆေး ၄ လုံး ထိုးနှံပေးခဲ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

စာတည်း −လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။