11 July 2026 10:04 AM

ရွှေကျင်မြို့နယ်၊ သေခိုဆယ်ရွာဗုံးကြဲခံရ

0 1
0 1

ပဲခူး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သေခိုဆယ်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်နေ့လယ် ၁၂ နာရီကျော်မှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် သေခိုဆယ်ကျေးရွာက အသက် ၇၀ ကျော်အရွယ် ဦးထိုကော့ အပါအဝင် မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲကို ဗုံး ၅ လုံးလာကြဲသွားတယ်တဲ့။ အဲ့မှာ ၁ အိမ်လုံး ၁ မိသားစုထိသွားတယ်။ အဲ့မှာအသက်ကြီးတဲ့ အမရဲ့ ဦးလေးလည်း ဒဏ်ရာတော်တော်ပြင်းတယ်။ အခြေအနေအသေး စိတ်ကိုတော့ မသိရသေးဘူး”လို့ ဒဏ်ရာရသူတွေရဲ့မိသားစုဝင် အမျိုးသမီးတဦးက ပြောပါတယ်။

သေခိုဆယ်ကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၃ ထဲမှာရှိပြီး ကျေးရွာအနီး ဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်တာတွေမရှိပေမယ့် ရွှေကျင်မြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကကျဆုံးမှုတွေရှိတဲ့အတွက် ခုလိုပစ်ခတ်တာဖြစ်နိုင်တယ်လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

“တိုက်ပွဲတွေက ရွှေကျင်၊ ပုဇွန်မြောင်းဘက်မှာ ဖြစ်တယ်။ အဲ့ရွာ (သေခိုဆယ်) ဘက်မှာက ဘာတိုက်ပွဲမှ မဖြစ်ဘူး။ အဲ့ရွာက မြို့နဲ့လည်းတော်တော် လှမ်းတယ်။ ရွှေကျင်၊ ပုဇွန်မြောင်းဘက်တိုက်ပွဲတွေမှာ စကစဘက်က အကျအရှုံးများတယ်။ ဒါကြောင့်မို့ ရှုံးမဲမဲပြီးတော့ အဲဒီဒေသဘက်ရွာတွေကို ဗုံးလိုက်ကြဲနေတာ”လို့ သူကပြောပါတယ်။

ဒဏ်ရာရသူတွေရဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၃၀ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်ပါးစေတွေကြောင့် သေဆုံးသူစုစုပေါင်း ၆,၂၃၁ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ကထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။