စစ်ကောင်စီစစ်ကြောင်းနဲ့ ရိက္ခာသယ်ကားတွေ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရလို့ ပျက်စီး

0 1
0 1

ပဲခူး၊ ဇွန် ၅၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်-ဇရပ်ကြီးသွားလမ်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ ရိက္ခာသယ်ကားတွေ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၅ ရက် မနက် ၂ နာရီခန့်မှာ ချောင်းခြားနဲ့ နှစ်တန့်ကူးကြားရှိ အရှည် ပေ ၄၀ နဲ့ အကျယ် ပေ ၂၀ ကျော်ရှိတဲ့ သံကူကွန်ကရစ်တံတားကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တံတားက ထန်းတပင်ကနေ ဇရပ်ကြီး တောင်ငူဘက်ထိ ပေါက်တယ်။ ဇရပ်ကြီးမှာက စကစ ၇၃ တပ်ရင်းရှိတယ်။ အဲဒီကို စကစဘက်က ရိက္ခာပို့၊ တပ်အင်အား၊ တင့်ကားတွေပို့တာအစ ဒီလမ်းပိုင်းကို စကစ ဘက်က သုံးတာဆိုတော့ လမ်းကြောင်းဖြတ်တောက်တဲ့သဘော နေမယ်”လို့ သူက ဆက်ရှင်းပြပါတယ်။

အဆိုပါ တံတားဟာ မိုင်းခွဲခံရတဲ့အတွက် တံတားအလယ် ၁၀ ပေကျော် အပေါက်ဖြစ်ပြီး ပျက်စီးသွားတာဖြစ်လို့ ကားနဲ့ ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကုန်းလမ်းကနေ ဇရပ်ကြီးဘက်ကို သွားလို့ မရတော့သလို ဒေသခံတွေလည်း သွားလာဖို့ ခက်ခဲသွားပြီလို့ ဆိုပါတယ်။

ဇရပ်ကြီးကျေးရွာအပြင် အတွင်းပိုင်းရွာတွေက ထန်းတပင်မြို့ဘက်ကိုလာဖို့၊ ကုန်စည်တွေတင်ပို့ရောင်းချဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားပြီး စီးပွားရေး၊ လူမှုရေးအပါအဝင် အခြားကိစ္စတွေအတွက် အခက်ခဲရှိလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတံတားကို ဘယ်အဖွဲ့က ဘာကြောင့် မိုင်းထောင်ဖောက်ခွဲခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

မေလ ၂၇ ရက် မနက် ၄ နာရီကျော်ခန့်မှာ ထန်းတပင်မြို့နယ်၊ ဖက်ဝင်းကုန်းကျေးရွာနားရှိ စစ်ကောင်စီ စစ်ကြောင်းထိုးချိန် အမြဲတမ်းအသုံးပြုနေနဲ့ ဇရပ်ကြီး-မြို့ဆိုး-ကျွဲပွဲသွားကားလမ်းပေါ်ရှိ ဖက်ဝင်းကုန်း သံဘောင်တံတားကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖောက်ခွဲခဲ့လို့ ပေ ၂၀ နီးပါး ပြိုကျပျက်စီးခဲ့ သေးတာပါ။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။