27 July 2026 7:53 AM

၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို မိုင်းခွဲတိုက်ခိုက်

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရုံးကို Golden Garuda Battalion – G2B တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မနေ့က မနက် ၄ နာရီခွဲလောက်မှာ အုတ်ဖိုမြို့၊ မြို့မရဲစခန်းအနီးမှာရှိတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်း ၂ လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းဟောင်းအဖွဲ့၀င် ၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီရုံးမှာက အမြဲတမ်း ဒီအုပ်ချုပ်ရေးအဖွဲ့တွေ ၇ ဦးလောက်ရှိတယ်။ သေဆုံးသွားတာကတော့ ၁ ဦးကတော့ သေချာတယ်။ ကျန်တဲ့ ၂ ဦး ၃ ဦးမက ဒဏ်ရာရတာရှိတယ်။ ပြင်းထန်ဒဏ်ရာရတယ်။ သေဆုံးတဲ့သူ အလောင်းကို ရဲကားနဲ့သယ်သွားတယ်။ ပြီးတော့ အုတ်ဖိုဆေးရုံရင်ခွဲရုံကိုပို့တယ်။” လို့ Golden Garuda Battalion – G2B တပ်ဖွဲ့ရဲ့စစ်ရေးတာဝန်ခံ ကိုဂျာနူးက ပြောပါတယ်။

၆၄ နှစ်မြောက်ကချင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စာစောင်တွေထုတ်ဝေပြီး ဂုဏ်ပြုတာထက်စာရင် အခုလိုမစ်ရှင်နဲ့ ဂုဏ်ပြုချင်တဲ့အတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် အဆိုပါရုံးမှာ စစ်မှုထမ်းဖို့ဖမ်းလာတဲ့သူတွေကို လာရောက်စုဆောင်းတာမျိုးတွေ ပြုလုပ်သလို အဲဒီရုံးက ကားတွေနဲ့ စစ်မှုထမ်းဖို့အတွက် အတင်းအကြပ်ပေါ်တာဆွဲခေါ်တာတွေလုပ်တယ်လို့ ကိုဂျာနူးက ပြောပါတယ်။

အဲ့ဒီရုံးဟာ အုတ်ဖိုမြို့မရဲစခန်းအနီးမှာရှိတဲ့အတွက် မစ်ရှင်ကိုဖော်ဆောင်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“မြို့မရဲစခန်းနဲ့က ခြံစည်းရိုးပဲခြားတယ်။ လုံခြုံရေးတင်းကျပ်တဲ့ အခြေနေတွေကနေပြီးတော့ ကျနော်တို့ရအောင်သွားပြီးတော့ ခက်ခက်ခဲခဲမိုင်းထောင်ပြီးတော့မှ သေချာပြင်ဆင်ရတာဖြစ်တဲ့အတွက် အသက်အန္တရာယ်တွေ အများကြီးရှိတာပေါ့။ တချက်ကလေး ပေါက်သွားတာနဲ့ ကျနော်တို့ရဲဘော်တွေ အားလုံး အသက်ဆုံးရှုံးနိုင်ချေရှိတယ်ဆိုတော့ ဒီဟာကိုဖော်ဆောင်ဖို့အတွက်ကတော့ ကြာပြီပေါ့နော်။ စစ်မှုထမ်းတွေကိုအတင်းအကြပ် ပေါ်တာဆွဲကတည်းက ကျနော်တို့သေချာစောင့်ကြည့်နေတာဖြစ်တယ်။”လို့ ကိုဂျာနူးကပြောပါတယ်။

တိုက်ခိုက်ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေထွက်လို့မရအောင် မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီက ဂိတ်ချလုံခြုံရေးချထားသလို ရုံးပတ်ပတ်လည်ကိုလည်း အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်ပြီးစောင့်ဆိုင်းနေတာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။

စာတည်း − လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။