တပ်မ ၃၃ တပ်စွဲထားတဲ့ရွာ လက်နက်ကြီးနဲ့ ပစ်ခံရလို့ ဗိုလ်တဦးအပါ ၉ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ မေ ၃၁၊ ၂၀၂၃။

ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကြီး အလုံး ၁၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့လို့ ဗိုလ်တဦးနဲ့ ပျူစောထီး ၈ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ Snipe Rangers Force (LPDF) အဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာက စစ်သားနဲ့ ပျူစောထီးတွေကို မေလ ၃၀ရက် ညနေ ၆နာရီကနေ ၉နာရီအထိ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Snipe Rangers Force (LPDF) တပ်ဖွဲ့ ရဲဘော် ဆလိုင်းက ပြောပါတယ်။

“စပါးတွင်းကျေးရွာမှာက တပ်မ ၃၃ က စစ်သား ၁၀ ဦးသာရှိပြီး ပျူစောထီးတွေကများတယ်။ ကျနော်တို့ပစ်ခတ်ခဲ့လို့ တပ်မ ၃၃ က ထိန်းချုပ်ဖို့လွှတ်လိုက်တဲ့ ဗိုလ်တဦး သေပြီး ပျူ ၈ ဦးသေတယ်” လို့ ဆိုပါတယ်။

သေဆုံးမှု အခြေအနေကို ကင်းထောက်ဖို့ လွှတ်လိုက်တဲ့ ဒရုန်းကနေမြင်ခဲ့ရတာဖြစ်ပြီး ဒရုန်းကတော့ ပစ်ချခံရလို့လို့ ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ဆိုပါတယ်။

စပါးတွင်းရွာ အပါအဝင် ငွေတွင်းရွာနဲ့ သလဲရွာကလည်း တပ်မ ၃၃လက်အောက်ဝင်ကာ ပျူစောထီးသင်တန်းတက်ထားကြသူတွေဖြစ်ပြီး စပါးတွင်းရွာမှာတော့ ပျူစောထီး ၈၀ ဦးလောက်ရှိတယ်လို့ဆိုပါတယ်။

စပါးတွင်းကို လက်နက်ကြီးနဲ့ပစ်ချိန် ရွာဘက်ကလည်း ပြန်ပစ်ခတ်တာတွေရှိပေမယ့် မဟာမိတ်တပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

“လက်လုပ်လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၁၅၀ ပစ်ခတ်ခဲ့တာ။ တဖွဲ့ကို ၁၀ လုံးနှုန်းနဲ့ ပစ်ခတ်ခဲ့တာ။ ကျနော်တို့ ရဲဘော်တွေထိခိုက်သေဆုံးမှုမရှိပေမဲ့ ကင်းထောက်ဝေဟင်ဒရုန်း ၁ စီးတော့ စစ်ကောင်စီဘက်ကပစ်ချလို့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Snipe Rangers Force (LPDF) တပ်ဖွဲ့၊ နွေဦးရဲဘော် တပ်ဖွဲ့၊ မြင်းခြံ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ ၊ DBBF -MMU တပ်ဖွဲ့ ၊ ပြည်သူ့ရောင်နီတပ်ဖွဲ့ အပါအဝင် မဟာမိတ်တပ်ပေါင်းစု ၁၆ ဖွဲ့လောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။