BNRA ဂိတ်စခန်း ၂ ခုစီးနင်းခံရမှု ဗိုလ်နဂါးဘာပြောလဲ (အင်တာဗျူး)

0 27
0 27

မြေလတ်အသံ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ အခွန်ကောက်ဂိတ်စခန်း ၂ ခုကို NUG ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဇန်နဝါရီ ၉ ရက်မနက်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း BNRA ရဲ့ သေနတ် ၁၀ လက်ကို ဝင်ရောက်စီးနင်းတဲ့ခရိုင်တပ်ရင်းတွေက သိမ်းဆည်းသွားပြီး ဝင်ရောက်စီးနင်းမှုအပြီး ဇန်နဝါရီ ၉ ရက် ညပိုင်းမှာလည်း BNRA တပ်ရင်း ၃ ရဲ့ စခန်းကုန်းကို ခရိုင်တပ်ရင်းတွေက ငါးကြင်းမြီး စက်လက် စတဲ့ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘာတွေကြိုတင်သိရှိခဲ့ရလဲ၊ လက်ရှိမှာရော ဘယ်လိုအခြေအနေတွေရှိနေလဲဆိုတာ ဗိုလ်နဂါး ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။