ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာကနေအိမ်တွေကို ဖေဖေါ်ဝါရီ ၁၁ ရက် မနေ့ကမနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသစ်ပုတ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့်က မနက် ၁၀ နာရီဝန်းကျင်မှာ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“အရင်တခါလည်းမီးရိူ့ပြီးပြီ။ ခုလည်းသက်သက်မဲ့ရှို့တာ အိမ်ခြေဘယ်လောက်ပါသွားတယ် ဆိုတာတော့ မသိရသေးဘူး။ ၁၀၀ ဝန်းကျင်ရှိနိုင်တယ်။ **တွေက ရွာထဲမှာရှိနိုင်လို့ အထဲမဝင်ရလို့ အတိအကျမသိရဘူး” လို့ ဒေသခံတဦးကပြောပါတယ်။

မီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန်ကတည်းက သစ်ပုတ်ရွာရဲ့ မြောက်ဘက်ထိပ်ရှိ တာဝါတိုင်ကိုစောင့်ရင်း တပ်စွဲနေထိုင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့နေသည့် သစ်ပုတ်ကျေးရွာ။

အဲဒီရွာက ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကြာခဏစစ်ဆေးရိုက်နှက် ဖမ်းဆီးတာတွေလုပ်တဲ့အတွက် လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်ကတည်းက ရွာကနေတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။

မီးရှို့နေတဲ့အချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက သစ်ပုတ်ရွာ အနီးကနေ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့သေးတယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

အခုလိုနေအိမ်တွေကိုမီးရှို့တာဟာ ကာကွယ်ရေးတပ်တွေလာရောက်တိုက်ခိုက်ချိန်မှာ မြင်ကွင်းရှင်းနေစေဖို့ ရည်ရွယ်ပြီးလုပ်တာဖြစ်နိုင်တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၄ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာက နေအိမ် ၂၀ မီးရှို့ဖျက်ဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒ့ါအပြင်စစ်အာဏာသိမ်းအပြီး ၄ နှစ်ကျော်အတွင်းမှာလည်း သစ်ပုတ်ရွာဝန်းကျင်ရှိ ယာစောင့်တဲ ရာဂဏန်းဝန်းကျင်ကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၁ မေ ၁ ရက်ကနေ ၂၀၂၄ အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံတဝှမ်း မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်ပေါင်း ၁၀၆,၉၅၀ လုံးပျက်စီးခဲ့တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာ အမှတ်စဥ် ၁၁ မှာဖော်ပြထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။