မန္တလေးမြို့က BE တပ် ၄၀ မမနဲ့ ပစ်ခံရ

0 1
0 1

မန္တလေး၊ မေ ၂၈၊ ၂၀၂၃။

မန္တလေးမြို့မှာအခြေစိုက်ထားတဲ့ အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၁၀)ကို လုံခြုံရေးထူထပ်နေတဲ့ကြားက ၄၀ မမနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့၊ ကုသိုလ်တော်နဲ့ မန္တလေးတောင်အနီးက အမှတ် ၉၁၀ BE တပ်ရဲ့ အုတ်တံတိုင်းအခြေထိကပ်ကာ မေလ ၂၇ ရက်မနေ့ကမနက် ၈ နာရီက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“၄၀ မမ ၂ လက်နဲ့သုံးပြီး တိုက်ခိုက်ခဲ့တာပါ။ မတိုက်ခိုက်မီကတည်းက တပ်ထဲက နေ့စဥ်လုပ်ရှားမူကို ကြိုတင်စုံစမ်းပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်တာကတော့ မိနစ်ပိုင်းပဲကြာပါတယ်“လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးကပြောပါတယ်။

အထိုင်ချထားတဲ့တပ်တွေကို ဖြတ်ကာ ကြိုတင်စီစဥ်လမ်းကြောင်းဆွဲပြီး တိုက်ခိုက်ဆုတ်ခွာခဲ့တာ ဖြစ်သလို စစ်ကောင်စီတပ်ဘက်ကလည်း ရမ်းသန်းပစ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်မှုတော့စုံစမ်းရခက်ခဲတာကြောင့် မသိရှိရပေမယ့် အဆိုပါတပ်ကို ခြိမ်းခြောက်နိုင်ခဲ့တဲ့အပြင် မြို့ပြစစ်ဆင်ရေးတွေကိုလည်း အရှိန်မြင့်လုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မိမိတို့ဘက်က ပါးနပ်စွာရပ်တည်ပေးဖို့ကိုလည်း ဗိုလ်နတ်ဆိုးက ဆိုထားပါတယ်။

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်တဲ့ရုပ်သံဖိုင်မှာတော့ တိုက်ခိုက်မှုပြုလုပ်နေချိန် အတွင်းမှာလည်းတင် ပြည်သူတွေသွားလာနေတာကိုလည်း တွေ့ရပေမယ့် ပြည်သူတွေ ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့မေလ ၂၄ ရက်မနက်ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံရွာစာသင်ကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပါ သေးတယ်။

ဒါ့အပြင် မေလ ၁၈ ရက်မနက် ၁၀ နာရီလောက်ကလည်း ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်တွေကို ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။