အင်းတော်မှာ NUG စာသင်ကျောင်းဗုံးကြဲခံရပြီး ကျောင်းသူ ၁ ဦးသေဆုံး

0 12
0 12

မြေလတ်အသံ၊ ဇန်နဝါရီ ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပဲခူးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျောင်းသူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇန်နဝါရီ ၂ ရက်ဒီမနက်ပိုင်း ၁ နာရီကျော်မှာ ပဲခူးကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသူ ၁ ဦးသေဆုံးကာ နောက်ထပ်ကျောင်းသူ ၂ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ပုံစာ -၂၀၂၅ မေ ၁၂ရက်က ဗုံးကြဲခံရသည့် ဟဲန္နရွာစာသင်ကျောင်း။

“သေဆုံးတဲ့ကျောင်းသူက တောင်ဖီလာရွာက။ ဒဏ်ရာရသူကျောင်းသူ ၂ ဦးကတော့ ဘယ်ရွာဆိုတာ မသိရ။ သူတို့တွေက Grade 12 တွေ။ အသက်က ၁၇ နှစ်၊ ၁၈ နှစ်လောက်ရှိမယ်။ ပဲခူးက အရင်ကတော့ အထက်တန်း မဟုတ်လောက်ဘူး။ အခု NUG ပညာရေးကသင်တော့ NUG အထက်တန်းကျောင်းပေါ့” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ ပဲခူးကျေးရွာရှိအထက်တန်းကျောင်းမှာ ပညာသင်ယူနေကြတဲ့ကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောင်းမှာပဲ နေထိုင်စားသောက်နေကြတာလို့ ဆိုပါတယ်။

ဗုံးကြဲမှုအတွင်း ကျောင်းဆောင်တွေ၊ လူနေအိမ်တွေ ပျက်စီးမှုရှိခဲ့ပေမယ့် အသေးစိတ်အခြေအနေတွေ ကိုတော့ မသိရှိရသေးဘူးလို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။

ပုံစာ -၂၀၂၅ မေ ၁၂ရက်က ဗုံးကြဲခံရသည့် ဟဲန္နရွာစာသင်ကျောင်း။

ပြီးခဲ့တဲ့ ၂၀၂၅ မေလ ၁၂ ရက်ကလည်း အင်းတော်မြို့နယ်၊ ဟဲန္နကျေးရွာရှိ မူလွန်စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။