စစ်ကောင်စီဂိတ်ကိုတိုက်နေချိန် အရပ်သား သုံးဘီးတစီးဝင်လာလို့ ဂိတ်ကိုမသိမ်းနိုင်ခဲ့

0 1
0 1

မကွေး၊ မေ ၂၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးမှာရှိတဲ့ ယောင်မစွန်ဆီဆိုင်အနီးက စစ်ကောင်စီဂိတ်ကိုသိမ်းပိုက်ဖို့ မေလ ၂၂ ရက်မှာ တိုက်ခိုက်နေချိန် အရပ်သား သုံးဘီးတစီး ရောက်ရှိလာတာကြောင့် ဂိတ်ကိုမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူအခြေစိုက် တမခ ၁၀၁ မှ စစ်ကောင်စီတပ်သား ၆ ဦးခန့်က ယောင်မစွန်ဆီဆိုင်ရှေ့ ကားလမ်းမဘေးမှာ ဂိတ်ချပြီး လမ်းသွားလမ်းလာဒေသခံတွေဆီကနေ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးမှာ ကျည်ထိမှန်ပြီး လဲကျခဲ့တယ်လို့ M.V.P Revolution Force မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရှိုင်းလေးက ပြောပါတယ်။

“ကျနော်တို့က သွားရောက်တိုက်ခိုက်တဲ့အခါမှာ စကစ ၂ ကောင်က ကျည်မှန်ပြီးတော့ လဲကျသွားတာကို တွေ့မြင်ခဲ့ရတယ်။ အပြန်အလှန်ပစ်တာ ၈ မိနစ်လောက်အကြာမှာ သုံးဘီးတစီးက ဆီဆိုင်ကို ဝင်လာခဲ့တယ်ဗျ။ ဒါကြောင့် ဆက်မပစ်တော့ဘဲ ပြန်ဆုတ်လာခဲ့ရတယ်။ သုံးဘီး မရောက်လာခဲ့ဘူးဆိုရင် ကျနော်တို့ဂိတ်ကို သိမ်းနိုင်ခဲ့တယ်ဗျ။ ကျည်မှန်သွားတဲ့ ၂ ကောင်လည်း သေနိုင်တယ်”လို့ ဆိုပါတယ်။

ကျည်ထိမှန်သွားတဲ့ စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပခုက္ကူကားလမ်းမပေါ်မှာ နောက်ထပ်လည်း တိုက်ပွဲတွေဖော်ဆောင်ဖို့ ရှိနေတာကြောင့် လမ်းသွား၊လမ်းလာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့နီးတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့အတွက် သတင်းတွေကို စုံစမ်းပြီးသွားလာကြဖို့ကို မေတ္တာရပ်ခံအပ်တယ်လို့ ရဲဘော်ရှိုင်းလေးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို M.V.P Revolution Force၊ King Fighter နဲ့ Chuk Guerilla Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၄ ရက်နေ့မှာလည်း မြိုင်မြို့နယ်၊ သရက်ကွကျေးရွာကနေ ပျူနဲ့စစ်ကောင်စီတပ်သားတွေ မြိုင်မြို့ပေါ်ကို ကားတစီးနဲ့ ရိက္ခာသွားယူချိန် M.V.P RF နဲ့ မဟာမိတ်အဖွဲ့ ၁၄ ဖွဲ့တို့က ပူပေါင်းပြီး စလင်းကန်ကျေးရွာ မြောက်ဘက်အရောက်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီနဲ့ပျူတပ်သား ၈ ဦး ထိခိုက်မှုရှိကာ ကားမှာလည်း လမ်းဘေးကိုထိုးရပ်သွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။