ဆင်ဖြူကျွန်း၊ နွယ်တမယ်တံတားထိပ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ

0 69
0 69

ဆင်ဖြူကျွန်း၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားထိပ်အနီး ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်‌တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့မနက် ၆ နာရီလောက်ကစပြီး ဆင်ဖြူကျွန်းမြို့ဘက်အခြမ်း၊ နွယ်တမယ်တံတားထိပ်ရှိ စစ်တပ်ဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်တာကနေ တိုက်ပွဲတွေစတင်ခဲ့ပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို Y 12 လေယာဥ်နဲ့ ဗုံးကြဲနေကာ မြို့ပေါ်ရပ်ကွက်တွေကို ကျရောက်ပေါက်ကွဲမှုတွေရှိတယ်လို့ ဆိုပါတယ်။

” တော်လှန်ရေးတပ်ဖွဲ့တွေက ဆင်ဖြူကျွန်းရဲစခန်းရဲ့ ပတ်ချာလည်ကို ဝိုင်းထားတာ၊ စစ်ကော်မရှင်က ပါရာမော်တာနဲ့လည်း ဗုံးပတ်ကြဲနေတာ၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး၊ တိုက်ပွဲကအခုထိဖြစ်နေတုန်း” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခန့်မှာလည်း စစ်ကော်မရှင်တပ်ကဆင်ဖြူကျွန်းမြို့နဲ့အနီးတဝိုက်ကျေးရွာတွေကို Y 12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ချောင်းကောက်၊ နတ်စင်၊ ဆုတ်လေဦး၊ ချောင်းဖြူစတဲ့ရွာတွေမှာ ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကော်မရှင်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆင်ဖြူကျွန်းနဲ့အနီးတဝိုက်ကျေးရွာတွေ စစ်ရှောင်နေရပြီး နှစ်ဖက်တပ်တွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုအခြေအနေတွေကို မသိရသေးပါဘူး။

လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ကို စစ်ကော်မရှင်တပ်က အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီး သတင်းတင်ပြချိန်အထိ ဆင်ဖြူကျွန်းမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။