16 October 2026 2:06 AM

မီးဘေးရှောင်ရင်း ရေဘေးကြုံနေရတဲ့ ပြည်သူနေအိမ်တွေကို PDFက ကူညီရှင်းလင်းပေး

0 1
0 1

ပဲခူး၊ မေ ၁၇၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း၊ ကျေးရွာတရွာက ရေဘေးကြောင့်ပျက်စီးသွားတဲ့နေအိမ်တွေကို နယ်မြေခံကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး -PRFက ကူညီရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။

မေ ၁၆ ရက်မနေ့ကစတင်ကာ ကနဦးကူညီမှုအဖြစ် ရှင်းလင်းပေးပြီးနောက် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် သစ်၊ဝါးတွေကိုရှာဖွေကာ ရေဘေးသင့်သူတွေဆီအပ်နှံခဲ့ပြီး ရေကျရင်တော့ ပြန်လည်တည်ဆောက်ရေးပိုင်းကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က မီးရှို့ခံရလို့ ရွာထဲပြန်မဝင်တော့ဘဲ ရှောင်နေရင်းနဲ့ ခုလိုရေဘေးထပ်ကြုံရတာ၊ တချို့က အိမ်ရယ်လို့ကို မသိရတော့ဘူး၊ အိမ်လိုက်ကြီး ရေထဲမျောသွားတာတွေရှိတယ်။ ရေအခြေနေပေါ်မူတည်ပြီး ထပ်ကူညီရမှာ။ ချောင်းနားနီးတော့ တချို့အိမ်တွေဆို ခုထိရေထဲမှာ မြုပ်နေတုန်းပဲ” လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ကိုလွန်းညီက ပြောပါတယ်။

မုန်တိုင်းကြောင့် ‌နေအိမ် အလုံး ၁၀၀ ကျော်နဲ့ ကြက်သွန်၊ နှမ်း၊ ပဲ စတဲ့စစ်ရှောင်ရိက္ခာတွေ ရေထဲမျောပါပျက်စီးခဲ့ပြီး ပြည်သူတွေကတော့ ရေလွတ်ရာမှာရှိတဲ့နေအိမ်တွေမှာ ပူးပေါင်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရေဘေးသင့်ရွာသားတွေဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကိုစစ်ကြောင်းထိုးစဉ် ထွက်ပြေးလာပြီးနောက် ရွာထဲပြန်မဝင်တော့ဘဲ နီးစပ်ရာတော‌ထဲမှာနေထိုင်နေတာ ၅ လ ခန့်ရှိနေပြီလည်း ဖြစ်ပါတယ်။

မေလ ၁၄ နဲ့ ၁၅ ရက်တွေမှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ ၅ သန်းကျော် သဘာ၀ဘေးသင့်နေပြီး စစ်ကိုင်းနဲ့မကွေးမှာလည်း လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်အဆောက်အဦတွေပျက်စီးတာနဲ့ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပေါခဲ့ကာ စစ်ဘေးရှောင်တွေအပါအဝင် လူဦးရေ ၁ သိန်းကျော် ရေဘေးသင့်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA က ထုတ်ပြန်ထားပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။