ဝက်လက်နဲ့ စဉ့်ကူးမှာ ဗုံးကြဲလို့ ၄ နှစ်ကလေးငယ် ၁ ဦးပါ ၆ ဦးသေဆုံး

0 13
0 13

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ မန္တလေး တိုင်း၊ စဉ့်ကူးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၁၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ည ၉ နာရီကျော်မှာ ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာနဲ့ ရှားကွဲကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့ လမ်းဘေးနေရာတွေကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

“သေဆုံး ဒဏ်ရာရတာက ထုံးဘိုက။ အဲ့ရွာ ၂ ရွာကြားမှာ လူတွေရှိနေကြတာက ထုံးဘ်ိုရွာရဲ့မြောက်ဘက်မှာ စစ်ကောင်စီထိုင်ထားတဲ့စခန်းရှိတယ်။ အဲ့စခန်းကနေ ထုံးဘိုကို ခဏခဏ ဝင်လိုက်၊ ထွက်လိုက်၊ ဖမ်းလိုက် လုပ်နေလို့ ရွာသူရွာသားတွေက ရွာထဲကိုမနေရဲကြဘဲနဲ့ ရွာရဲ့တောင်ဘက်က တောထဲ၊ လမ်းဘေးတွေမှာ စစ်ရှောင်နေကြတာ။ အဲ့နေရာတွေကို ကြဲသွားတာ။”လို့ ဝက်လက်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ ၄ ဦးမှာ ထုံးဘိုကျေးရွာနဲ့ ရွှေဘိုမြို့နယ်၊ ကုလားမကျေးရွာမှ စစ်ဘေးရှောင်နေတဲ့ အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ၊ သူဇာနွယ် ၃၄ နှစ်၊ တွတ်ပီ ၂၆ နှစ်၊ ဦးခင်မောင်လွင် ၇၀ နှစ်တို့ဖြစ်ပြီး နောက်ထပ်ဒဏ်ရာရသူတွေထဲက ၂ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သူကဆိုပါတယ်။

အလားတူ ဒီဇင်ဘာ ၁၃ ရက်ည ၆ နာရီကျော်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ဗုံးကြဲချခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဆိုပါတယ်။

“ကျောက်မြောင်း ခမရ ၁၂ **ခြံကနေ Drone အကြီး ၁ စီးနဲ့ လက်ပံလှရွာအဝင်က တံတားနားကိုကြဲသွားတာဗျ။၂ ယောက်ကတော့ ပွဲချင်းပြီးသေတာ။ နောက် ၁ ယောက်ကလည်း တော်တော်ပြင်းတယ်ဗျ၊ ဒဏ်ရာရသွားတာ။”လို့ စဉ့်ကူးဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရသည့် ၀က်လက်မြို့နယ်မှ ကျေးရွာများ။

လက်ပံလှကျေးရွာအနီးရှိ ညောင်ဝန်းကျေးရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ရောက်ရှိနေတာကြောင့် လက်ပံလှရွာမှ ဒေသခံအများစုဟာ စစ်ဘေးရှောင်နေကြရပြီး အနည်းစုသာ ကျေးရွာအတွင်းနေထိုင်နေကြတာလို့ သူကဆိုပါ တယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။