ယင်းမာပင်မှာ ကျန်းမာရေးဝန်ထမ်းမရှိလို့ PDF ဆေးတပ်က ကျန်းမာရေးစောင့်ရှောက်မှုပေး

0 1
0 1

စစ်ကိုင်း၊ မေ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းမရှိတာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို PDF ဆေးအဖွဲ့မှ သူနာပြုရဲမေတွေက တာဝန်ယူကုသပေးနေတယ်လို့ ယင်းမာပင်ခရိုင်အမှတ်-၁၂ တပ်ရင်းမှ CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဖြိုးဖြိုးက ပြောပါတယ်။

“တပ်ရင်းအတွက်ပဲ ကုပေးနေတာ။ နောက်ပိုင်းကျတော့ ဆေးဝန်ထမ်းမရှိတဲ့ကျေးရွာတွေထိ လိုက်ကုပေးနေပါတယ်။ ဆေးစကုကတည်းက တပ်ရင်းက ဆေးတွေနဲ့ကုပေးခဲ့တာပါ “လို့ ဆရာမ ဒေါ်ဖြိုးဖြိုးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ရာသီပေါ်ဖျားနာတာတွေအဖြစ်များသလို ကလေးငယ်တွေမှာ နှာစေး၊ ချောင်းဆိုး ဖျားနာတာ၊ သက်ကြီးပိုင်းတွေက ဆီးချို၊ သွေးတိုးဝေဒနာ၊ လူလတ်ပိုင်းတွေက သစ်ဝါးခုတ်ရလို့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို ဆေးကုသပေးနေရတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်းမှာ ယင်းမာပင် PDF ဆေးအဖွဲ့က ဒေသခံပြည်သူ ၆၈ ဦး၊ ရဲဘော် ၁၂ ဦး၊ မီးဖွားလူနာ ၁ ဦး စုစုပေါင်း ၈၁ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့ပါတယ်။

အခုလိုကျန်းမာရေးကူညီစောင့်ရှောက်ပေးတာကို ၂၀၂၂၊ သြဂုတ်ကတည်းက စတင်ကုသပေးနေတာဖြစ်ပြီး PDF သူနာပြုရဲမေ ၃ ဦးနဲ့လိုက်လံ ကုသပေးနေတာဖြစ်တယ်ပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် လိုအပ်တဲ့ဆေးဝါး သယ်ယူရတာတွေ အခက်အခဲရှိသလို ဆေးဝါးဝယ်ယူဖို့အတွက် အလှူငွေရရှိမှုလည်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

“အရင်ကတည်းက အခမဲ့ဆေးကုပေးနေတာပါ။ ကြာလာတော့ ဆေးဖိုးသုံးရတဲ့ငွေက များလာတယ်။ ပြီးခဲ့ ၃ လလောက်ကမှ (ပြည်သူက)တတ်နိုင်သလောက်ထည့်သွားကြတယ်။ မတတ်နိုင်တဲ့သူတွေလည်းရှိပါတယ်။ အလှုရှင်များ လာရင်တော့ စခန်းအတွက် ကျည်ဖိုးတွေ၊ သေနတ်ဖိုးတွေ ပိုထွက်လာတာပေါ့” လို့ CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဖြိုးဖြိုးက ပြောပါတယ်။

သူနာပြုဆေးတပ်ဖွဲ့ရဲမေတွေအနေနဲ့ တပ်ရင်းမှာ ကုသနေရသလို၊ အနီးအနားက တော်လှန်ရေး ရဲဘော်မိသားစုဝင်တွေ၊ ကျေးရွာတွေက ပြည်သူတွေရဲ့ကျန်းမာရေးကိုသာမကဘဲ ရှေ့တန်းပြောက်ကျားတိုက်ပွဲတွေမှာ ဒဏ်ရာရသူတွေကို အခမဲ့လိုက်လံကုသပေးနေတယ်လို့သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။