ဇက်စီးမယ့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ အနီးရှိ လူနေအိမ်၊ ဈေးဆိုင်နဲ့ ဆိုင်ကယ်တွေကို မီးရှို့သွား

0 1
0 1

စစ်ကိုင်း၊ မေ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ၊ ထန်းတော(ဇာတ်ဆိပ်)ကနေ မုံရွာမြို့ကို ဇက်စီးဖို့စောင့်နေတဲ့ စစ်ကြောင်းဟာ မေလ ၈ ရက် မွန်းလွဲပိုင်းမှာ မိုင်းဆွဲခံရပြီးတဲ့နောက် အနီးနားရှိ လူနေအိမ်၊ ဈေးဆိုင်ခန်းနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်စီးခဲ့ပါတယ်။

အဲဒီ မေလ ၈ ရက် မနက် ၆ နာရီခန့်မှာ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲကာ ထွက်ခွာလာပြီး ဝမ်ပေါင်ကြေးနီးစက်ရုံကို ဝင်ရောက်ခဲ့ပါတယ်။

မွန်းလွဲပိုင်းမှာတော့ ဝမ်ပေါင်မှ ပြန်လာပြီး ညောင်ပင်ကြီးရဲစခန်းကို ဝင်ပြီးနောက် မုံရွာမြို့ဘက်ကို ဇတ်နဲ့ကူးဖို့ ပြုလုပ်နေချိန်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန် ပြန်ကြားရေးမှ တာဝန်ခံတဦးက ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာတော့ အဆိုပါ စစ်ကြောင်းဟာ ထန်းတော်(ဇာတ်ဆိပ်)မှာရှိတဲ့ လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဆိုင်ကယ်အစီး ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ ဈေးဆိုင်နဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဇတ်ရေယာဉ်စီးကာ မုံရွာမြို့ကို ကူးသွားခဲ့ပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။