အရာတော်နယ်က ကြွေပုဂံရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

0 4
0 4

အရာတော်၊ မေ ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာကနေအိမ်တွေကို မေလ ၅ ရက်ဒီမနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အရာတော်မြို့နယ် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ (၁၀)မှ တပ်သားအင်အား ၆၀ လောက်ဟာ ဝက်ခဲကျေးရွာကနေ ၂ မိုင်ကျော်ဝေးတဲ့ ကြွေပုဂံကျေးရွာထဲကို ဒီမနက် ၈ နာရီလောက်မှာ ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာလို့ အရာတော်ပိုစ့်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပုံစာ – ကြွေပုဂံရွာကို မတ်လ ၂၉ ရက်မှာ စစ်တပ်ကမီးရှို့ဖျက်စီးခဲ့စဥ်။ (ပုံဟောင်း)
ပုံစာ – ကြွေပုဂံရွာကို မတ်လ ၂၉ ရက်မှာ စစ်တပ်ကမီးရှို့ဖျက်စီးခဲ့စဥ်။ (ပုံဟောင်း)

“တိုက်ပွဲမဖြစ်ပဲနဲ့ ရွာထဲကိုဝင်လာတယ်။ ပြီတော့ ရွာကိုမီးရှို့တယ်။ ဒီနေ့မနက်နေအိမ်တွေ မီးထဲဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်။ ရွာထဲကို မဝင်ကြသေးဘူး။ အခုချိန်ထိတော့ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိတယ်လို့မကြားမိသေးပါဘူး” လို့ အရာတော်ပို့စ် မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကြွေပုဂံရွာကို မီးရှို့ပြီး မနက် ၁၀ နာရီလောက်မှာတော့ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ကြွေပုဂံရွာ အနောက်ဘက်ကို ပြန်လည်ဝင်ရောက်သွားခဲ့ပေမယ့် ကြွေပုဂံရွာနဲ့ ရွာနီးချင်း ဒုံဒစ်ရွာက ပြည်သူတွေကတော့ လက်ရှိအချိန်ထိ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ – ကြွေပုဂံရွာကို မတ်လ ၂၉ ရက်မှာ စစ်တပ်ကမီးရှို့ဖျက်စီးခဲ့စဥ်။ (ပုံဟောင်း)
ပုံစာ – ကြွေပုဂံရွာကို မတ်လ ၂၉ ရက်မှာ စစ်တပ်ကမီးရှို့ဖျက်စီးခဲ့စဥ်။ (ပုံဟောင်း)

ပြီးခဲ့တဲ့မတ်လ ၂၉ ရက်မှာလည်း ကြွေပုဂံကျေးရွာကို စစ်ကောင်စီတပ်က ပထမအကြိမ် စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ် ၂၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။