နောက်ကျန်ခံပစ်ရင်း သေဆုံးခဲ့တဲ့ရဲဘော်အတွက် ရက် ၆၀ ပြည့်ကုသိုလ်ကောင်းမှု ပြုလုပ်

0 1
0 1

မကွေး၊ မေ ၅၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် – ၁၃ တပ်ရင်း၊ The Youth Force (Saw & Kyaukhtu) တပ်ဖွဲ့ထဲက ရဲဘော်တဦး သေဆုံးခြင်း ရက် ၆၀ ပြည့်တဲ့ ယမန်နေ့ မေ ၄ ရက်နေ့ကကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ ၆ ရက်မှာ ဆော-ကျောက်ထုလမ်း၊ ကြံတောရွာအနီး တိုက်ပွဲဖြစ်ပွားရာသို့စစ်ကူသွားတိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ရဲ့ ချောင်းမြောင်းတိုက်ခိုက်တာ ခံရပြီး၊ ရဲဘော်တဦး သေဆုံးခဲ့တာလို့ The Youth Force တာဝန်ခံက မေ ၅ ရက်နေ့မှာ မြေလတ်အသံကို ပြောပါတယ်။

“တခြားရဲဘော်တွေလွတ်ဖို့ ခံပစ်ရင်းကတိုက်ပွဲမှာ ကျခဲ့တာပါ။ စစ်ကူသွားရင်းလမ်းမှာ စကစ တွေရဲ့ချောင်းပစ်တာကို ခံရတယ်။ ကျဆုံးရဲဘော်ရဲ့အလောင်းတော့မရလိုက်ဘူး။ စကစ တွေမီးရှို့သွားတယ်။” လို့ တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲမှာသေဆုံးခဲ့တဲ့ရဲဘော်မှာ ဇင်ဖြိုးလွင် အသက် (၂၀) နှစ်ဆိုသူဖြစ်ပြီး ယောနယ်သားဦးဖြစ်သလို ယောနယ်ဒေသမှာပဲ စစ်ပညာသင်တန်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ရဲဘော်ဇင်ဖြိုးလွင်က အာဏာရှင်ကိုတော်လှန်ဖို့ ဒီအဖွဲ့ထဲရောက်လာတာပါ။ တပ်ခွဲမှာလည်းအားကိုးရတဲ့ ရဲဘော်တယောက်ပါ။ သူ့မှာ ဖုံးတောင်ကိုင်စရာမရှိပါဘူးဗျာ” လို့ The Youth Force တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ရဲဘော်ရဲ့အလောင်းကို စစ်ကောင်စီတပ်က မီးရှို့သွားလို့ The Youth Force (Saw & Kyaukhtu) အဖွဲ့အနေနဲ့ သက်ပျောက်ဆွမ်းသွပ်တာ၊ အမှတ်တရဂူဗိမာန်ပြုလုပ်တာ၊ ရက်လည်ဆွမ်းသွပ်တာတွေကို အရင်ကလည်း ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးဌာနနဲ့ တပ်ရင်းတပ်ဖွဲ့က ထောက်ပံ့ငွေတချို့ကိုလည်း ကျန်ရစ်တဲ့မိသားစုထံ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဂန့်ဂေါခရိုင်၊ အမှတ်-၁၃ တပ်ရင်းအနေနဲ့လည်း ကျန်ရဲဘော်များ လွတ်မြောက်စေရေးအတွက် ခုခံပစ်ခတ်ရင်း အသက်ပေးလှူခဲ့ရတဲ့ရဲဘော်ကိုဇင်ဖြိုးလွင်ကို အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြု ဦးညွတ်ရင်း ဂုဏ်ပြုခဲ့ရတာကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ရာမှာဖော်ပြပါရှိတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။