27 July 2026 2:30 AM

လူသတ်လုယက်သူအမျိုးသားကို ပေါင်းတည်စစ်ခုံရုံးက ၁ လနဲ့အမှုစစ်ပြီး သေဒဏ်ချမှတ်

0 1
0 1

ပေါင်းတည်၊ မေ ၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်၊ စစ်ကောင်စီလက်အောက်အကျဉ်းထောင်စစ်ခုံရုံးက လူသတ်မှုပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုထားတဲ့ အမျိုးသား ၁ ဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သေဒဏ်ချမှတ်ခံရသူဟာ ဘုရားငါးဆူအုပ်စု၊ ပင်ကတောရွာက အသက် ၂၃ နှစ်အရွယ် ကျန်ကျောင်း ဆိုသူဖြစ်ပြီး သူ့ကို နေအိမ်အတွင်း ဝင်ရောက်ပစ္စည်းလု၊ လူသတ်မှုနဲ့ ဧပြီလ ၃ ရက်နေ့ ဖမ်းဆီးအမှုစစ်ဆေးခဲ့ကာ ၁ လအကြာ မေလ ၂ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“ထောင်မှာ အသစ်ဆောက်ထားတဲ့ စစ်ခုံရုံးကနေ အမှုကိုတလအတွင်း အပြီးစစ်ပြီး သေဒဏ်ချလိုက်တာ။ မနေ့ကတခါတည်း သာယာဝတီထောင်ကို ပို့လိုက်တယ်။ သွားပို့တဲ့အချုပ်ကားတောင် ည ၈ နာရီ လောက်မှ ပြန်ရောက်တယ်” လို့ ပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူ ကျန်ကျောင်းဟာ ဧပြီလ ၃ ရက်နေ့ ညပိုင်းက ဘုရားငါးဆူအုပ်စု၊ ရေပင်လမ်းခွဲမှာ တဉီးတည်းနေထိုင်တဲ့ သူ့အလုပ်ရှင်ရဲ့အမဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်မြင့်မော်ရဲ့နေအိမ်ထဲကို ပစ္စည်းခိုးယူဖို့ ဝင်ရောက်ချိန် အိမ်ရှင်နိုးလာတာကြောင့် ဓါးမြောင်နဲ့ ၁၃ ချက်ထိုးသတ်ခဲ့လို့ ဒေါ်မြင့်မော်သေဆုံးခဲ့ရမှုမှာ ကျူးလွန်သူဟုဆိုကာ အဲ့ဒီညတွင်းချင်းမှာပဲ စွပ်စွဲဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

“ဓါးမြှောင်နဲ့အိမ်ရှင်အမျိုးသမီးကို ၁၃ ချက်ထိုးခဲ့တာဆိုတော့ မသေမချင်းသတ်သလို ဖြစ်သွားတာကြောင့် သေဒဏ်ချတာဖြစ်နိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

ပေါင်းတည်မြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေငြာပြီးနောက် လူသတ်မှုအပါအဝင် ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးနဲ့စစ်ဆေးစီရင်နေတာဖြစ်ပြီး ပြစ်မှုပုဒ်မတွေရဲ့အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။