မြိုင်မှာ အသတ်ခံထားရတဲ့ အမျိုးသား ၂ ဦးအလောင်းတွေ့

0 23
0 23

မြိုင်၊ နိုဝင်ဘာ၂၉၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက နိုဝင်ဘာ ၂၈ ရက် မှာ အမျိုးသား ၂ ဦးကို သတ်ဖြတ်သွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု-PLC ရဲ့ တာဝန်ခံဆီက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာ မြိုင်မြို့နယ် စက်မှု ၂ ကနေ ထွက်လာတဲ့စစ်ကြောင်းက သရက်ကန်ရွာကို လာချိန် စက်မှု ၂ နဲ့ သရက်ကန် ကြားကတောတိုက်မှာ အသက် ၃၀ အရွယ် ကိုငသိမ်းကို ဖမ်းဆီးခဲ့ပြီးနောက် သရက်ကန်ရွာကို ဝင်ရောက်တပ်စွဲခဲ့ကာ နိုဝင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ ရွာကပြန်ထွက်ချိန် မြေရင့်နဲ့ နှမ်းဆီကန် ကြားကတောတိုက်တွေထဲမှာ သတ်ခဲ့တာလို့ ဆိုပါတယ်။

“သူနေတဲ့ တောတိုက်က တဲမှာတွေ့လို့ ဖမ်းခေါ်သွားတာ။ သရက်ကန်ပျူရွာကနေ ညောင်ဂျစ်ပင် အပြန်လမ်းမှာ သတ်သွားတာပါ။ မနေ့ညက ညောင်ဂျစ်ပင်မှာညအိပ်ပါတယ်။ အခု ပခုက္ကူမြို့နယ် တဲကုန်းရွာကို ရောက်သွားပါပြီ။”လို့ဆိုပါတယ်။

ကိုငသိမ်းရဲ့အလောင်းကို ဒီကနေ့ မနက် ၈ နာရီ က တွေ့ခဲ့ရပြီး အဲ့ဒီနေရာနဲ့ ၁ မိုင်ဝန်းကျင်အကွာ နှမ်းဆီကန်ရဲ့တောင်ဘက်ကတောထဲမှာလည်း အောင်သာကျေးရွာဘက်က ပျူစောထီးဟု ယူဆရသူရဲ့ အလောင်းကိုလည်း ဒီကနေ့မနက် ၈နာရီ အချိန်မှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

“မှတ်ပုံတင်က ဘဲကြီး၊ အောင်သာလို့ တွေ့တာ ပြည်သူဆိုတာ ကျတော်တို့ဘက်က ဒီနားဝန်းကျင်က ဖမ်းခံထားရတာမျိုး သတင်းကြားထားတာမျိုးမရှိဘူးဆိုတော့ အခြားနေရာက ရှိမလားပေါ့။ စုံစမ်းနေတာ။ အတည်ပြုလို့မရသေးလို့ပါ။ ပြည်သူအလောင်းနဲ့ မီတာ ၁,၇၀၀ ကျော်လောက် အကွာမှာတွေ့တာပါ။” လို့ သူကဆက်ပြောပါတယ်။

ပျူစောထီးဟုယူဆရသူကို စစ်ကော်မရှင်တပ်တွေက သတ်တယ်လို့ ယူဆရပြီး ၂ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့နေ့လည်မှာပဲ သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ကြောင်းဟာ စက်တင်ဘာလကုန်ပိုင်းကစတင်ပြီး မြိုင်မြို့နယ်နဲ့ ပေါက်မြိုင်နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာတွေ ပြုလုပ်နေခဲ့တဲ့ စစ်ကြောင်းလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။