ရေစကြို မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

0 1
0 1

ရေစကြို၊ ဧပြီ ၂၄၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြို မြို့မရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဧပြီလ ၂၃ ရက် မနေ့ကနေ့လည် ၁ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲအင်အား ၃၀ နီးပါးရှိနေတဲ့ အဲ့ဒီစခန်းကို ၄၀ မမ နဲ့ ၂ ချက်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းကလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တာလို့ ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးကြိုးတပ်ခွဲမှ ရဲဘော်တဦးက ပြောပါတယ်။

“၁ လုံးက ပင်မဆောင်ပေါ်ကျပြီး၊ နောက် ၁ လုံးကတော့ ရဲစခန်းဝန်းထဲကို ကျတယ်။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးတော့ ပြန်ပစ်တယ်။ ရဲစခန်းထဲမှာ ဘယ်လောက်ထိခိုက်သွားလဲဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့ တောင်ဘက် ၆ မိုင်ခန့်အကွာရှိ ကမ်ဘဲ့ကျေးရွာကို စစ်တပ်က ဧပြီလ ၂၃ ရက်မနေ့က မနက်ပိုင်းမှာတင် စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ အဆိုပါရဲစခန်းကို တိုက်ခိုက်တာလို့ ဆိုပါတယ်။

“ကမ်ဘဲ့ရွာထဲဝင်ပြီးတော့ ရေခဲသေတ္တာတွေ တီဗီတွေနဲ့ တခြားပစ္စည်းတွေကို ဖောကားပေါ်တင်ပြီး ယူသွားကြတယ်။ အနီးအနားရွာက လူတွေလည်း နီးစပ်ရာရွာတွေကို ပြေးကြရတာပေါ့။ စစ်တပ် စစ်ကြောင်းထိုးရင် အဲ့ဒီစခန်းက ရဲတွေလည်း လိုက်လေ့ရှိတယ်။ အခု ပါမပါတော့ မသိရသေးဘူး” လို့ အထက်ပါ ရဲဘော်က ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းကလည်း ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲမေ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။