ကနီနယ်က တော်လှန်သင်္ကြန်သပိတ်

0 1
0 1

ကနီ၊ ဧပြီ ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ကနီနွေဦးတော်လှန်ရေးသပိတ် အင်အားစုနဲ့ ပြည်သူတွေ ဦးဆောင်ပြီး တော်လှန်သင်္ကြန် (အကြိုနေ့)သပိတ် ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၁၃ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သပိတ်မှာ ပါဝင်သူတဦးက ပြောပါတယ်။

“အချိန်က မနက် ၇ နာရီမှာစပြီး ၇ နာရီ ၂ဝ မိနစ်မှာ ပြီးပါတယ်။ တူးမီးသပိတ် တူမီးသင်္ကြန်၊ အာဇာနည်စိတ်မွေး ဖက်ဒရယ်တည်ဆောက်၊ အလံမလိပ် အသံမတိတ် စခကျွန်မခံ ကနီသပိတ် ဘန်နာ စာသား‌တွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးတရား ဟောပြောခဲ့ကြတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် သွေးသစ္စာသီချင်း သီဆိုပြီး “စခများသေ အညာမြေ၊ ဘာသင်္ကြန်လဲ တော်လှန်သင်္ကြန် တူမီးသပိတ် တူမီးသင်္ကြန်” စတဲ့ စစ်အာဏာရှင်ဆန်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။