27 July 2026 5:30 AM

သနပ်ပင်မြို့အဝင်စစ်ဆေးရေးဂိတ် မိုင်းခွဲခံရလို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်

0 1
0 1

ပဲခူး၊ ဧပြီ ၁၀၊ ၂၀၂၃။

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ မြို့အဝင်စစ်ဆေးရေးဂိတ် ကန်သာယာစားသောက်ဆိုင်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် မိုင်းခွဲခံရပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

ပဲခူး-ခရမ်း-သုံးခွလမ်းပိုင်းပေါ်က အင်အား ၁၀ ဦးကျော်ရှိတဲ့ အဲ့ဒီစစ်ကောင်စီဂိတ်ကို ဧပြီလ ၉ ရက် မနေ့ ည ၇ နာရီခွဲခန့်မှာ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ပဲခူးမြို့နယ် ပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ရဲဘော်တွေက စကစတွေနဲ့ အနီးဆုံးနေရာထိ သွားပြီးတော့ မိုင်းဆင်ဖောက်ခွဲခဲ့တာဖြစ်တယ်။ ဂိတ်အနီးကို သိပ်ကပ်လို့မရတာကြောင့် အထိအခိုက် မခန့်မှန်းတတ်သေးပါဘူး။ ဗုံးကွဲပြီးတော့ အဲ့ဒီဂိတ်ကို လူနာတင်ယာဉ်တချို့ရောက်လာလို့ ထိခိုက်မှုရှိတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဂိတ် မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေမှ ပိတ်ဆို့စစ်ဆေးခဲ့တဲ့အပြင် ဧည့်စာရင်း စစ်ဆေးတာတွေလည်း လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ဆေးရေးဂိတ်ဟာ လမ်းသွားလမ်းလာ ခရီးသွားကားတွေကို စစ်ဆေးငွေတောင်းတာတွေ၊ တရားမဝင်ပစ္စည်းတင်ကားတွေဆီကနေ ပိုက်ဆံတောင်းယူတာတွေ လုပ်ဆောင်နေပြီး စစ်ဆေးမှု တင်းကြပ်တဲ့ဂိတ်တခု ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။