ရေနံချောင်းမှာ ကျောင်းဆရာမတဦးကိုသတ်ပြီး ပစ္စည်းတွေ ဓားပြတိုက်သွား

0 3
0 3

ရေနံချောင်း၊ ဧပြီ ၇၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ဂျုပ်ပင်ရွာမှာ ဧပြီလ ၅ ရက် ညပိုင်းက လူသတ်ပြီး ပစ္စည်းဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူမှာ ဂျုပ်ပင်ရွာ မူလတန်းကျောင်းမှာ တာဝန်ကျတဲ့ အသက် ၅၆ နှစ်အရွယ် ဆရာမ ဒေါ်နုနုသီ ဖြစ်ပြီး သူရဲ့နေအိမ်မှာ တဦးတည်းရှိနေချိန် လူကိုသတ်ပြီး နေအိမ်တွင်းပစ္စည်းတွေကို လုယက်သွားခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူ့မှာ သား၊သမီး ၂ ယောက် ရှိတယ်။ ဂျုပ်ပင်ရွာ မူပြပဲ။ နေတာက သူတယောက်ထဲနေတာ။ ၅ ရက်နေ့ညပိုင်းမှာ ဓားပြဝင်တိုက်ပြီး လူကိုပါ သတ်သွားတာ။ မနေ့မနက်ပိုင်းမှ ဖြစ်တာကို သိတာ” လို့ ပြောပါတယ်။

ဓားပြတိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ကျောင်းဆရာမ ဝတ်ဆင်ထားတဲ့ လက်ဝတ်လက်စားတွေအပြင် သိန်းရာချီတန်ဖိုးရှိ သိမ်းဆည်းထားတဲ့ ရွှေထည်နဲ့ ငွေသားတွေ ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။