ထီးချိုင့်က စစ်ရှောင်ဒေသခံတွေ ကျန်းမာရေးချို့တဲ့နေပြီး၊ ဆေး၀ါးတွေလည်း အရေးပေါ်လိုအပ်နေ

0 1
0 1

ထီးချိုင့်၊ ဧပြီ ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ နေအိမ်တွေမီးရှို့ခံရလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် ၂၅၀၀ ကျော်မှာ ကျန်းမာရေးချို့တဲ့မှုဒဏ်ကို ခံစားနေရတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသခံတွေ တိမ်းရှောင်နေကြတဲ့ နေရာမှာ ရေရှားပါးမှု၊ အစားအစာလုံလုံလောက်လောက် မစားရတာတွေကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဝမ်း‌လျှော၊ ဝမ်းပျက်ရောဂါနဲ့ ဖျားနာတာတွေဖြစ်နေကြတာလို့ စစ်ရှောင်တွေ ခိုလှုံနေတဲ့နေရာကို သွားရောက်ကြည့်ရှု့ခဲ့တဲ့ Royal Tiger Support Battalion မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီရောဂါဖြစ်နေတာက ကလေးတွေနဲ့ အဘိုး၊အဘွားတွေ များတယ်။ နေကြရတဲ့ တဲတွေကလည်း အမိုးတောင် မရှိကြဘူး။ မိုးကာတွေလိုတယ်။ ရေကတော်တော်ရှားတယ်။ တချို့မှာဆိုရင် ဝတ်စရာအဝတ်တောင် မရှိကြဘူး။ ကျနော်တို့အဖွဲ့က တတ်နိုင်သလောက်တော့ လှူခဲ့တယ်။ ဒါပေမဲ့ လူကများတော့ မလောက်ငှဘူး” လို့ ဆိုပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်မှာ ထီးချိုင့်နယ်ကညောင်ပင်သာကျေးရွာ၊ ဧပြီလ ၂ ရက်မှာ မယ်ဇလီရွာနဲ့ ရတနာအောင်ရွာတို့ကို မီးရှို့ခဲ့တာကြောင့် အခုလိုထွက်ပြေးနေရတာဖြစ်ပြီး၊ မီးရှို့မှုကြောင့် ညောင်ပင်သာရွာက လူနေအိမ် ၂၁၈ လုံး၊ မယ်ဇလီရွာက ၈၉ လုံး၊ ရတနာအောင်ရွာက ၅ လုံးတို့ ပြာကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး‌တိမ်းရှောင်နေကြရဝာာဖြစ်ပြီး၊ သူတို့တွေအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းလိုတဲ့ မိဘပြည်သူတွေအနေနဲ့ Royal Tiger Support Battalion Page ကို တိုက်ရိုက်ဆက်သွယ်နိုင်သလို NUG Pay၊ Kpay တို့ကလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ပြောဆို တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာလည်း ထီးချိုင့်မြို့နယ်က ဝဲကြီးနဲ့ အင်ဒေါင်းကျေးရွာအကြားကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဥ်တစီးနဲ့ ညနေ ၄ နာရီလောက်မှာ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင် ၆ ဦး သေဆုံးပြီး၊ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။