တာဂဏန်းရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၇ဦးသေ၊ ၄ ဦးအရှင်မိ (ရုပ်/သံ)

ရွှေဘို၊ အောက်တိုဘာ ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တာဂဏန်းကျေးရွာအနီး စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ၂ ဖက်သေဆုံးမှုရှိပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖထံက သိရပါတယ်။

အောက်တိုဘာ ၂ ရက် မနက် ၆ နာရီကျော်မှာ ရွှေဘိုမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်နဲ့ပျူစောထီးပူးပေါင်းတပ်ဖွဲ့ တာဂဏန်းရွာအနီးအရောက် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

” မနက်ခင်းက တမနက်ခင်းလုံးဖြစ်တာ။ နေ့ခင်းပိုင်းကျတော့ ပြောက်ကျား သူကပစ်လိုက်၊ ကိုယ့်ဘက်ကပစ်လိုက်ဖြစ်ရင်းနဲ့ ညနေကျတော့ သူတို့ပြန်ဆုတ်သွားတယ်။ ရှင်းလင်းရေးဝင်တော့ သုံ့ပန်းတွေမိတာ။ ရဲဘော်တယောက်ဆို စကစ သေတဲ့အလောင်းကိုတက်ယူတာ လက်နက်ကြီးခေါင်းထိပြီး ဆုံးတာ” လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်ကြပ်တဦးအပါအဝင် ၄ဦးကို အရှင်ဖမ်းစီးရမိခဲ့ပြီး ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ MA 3 ၁ လက်၊ MA 1 ၁ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ RPG 7 ဒုံးသီး ၂ လုံး၊ ဂျမ်မာ ၁ ခု၊ ၅.၅၆ ကျည် ၁၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တာဂဏန်းကျေးရွာပကဖအဖွဲ့ဝင် ၁ ဦး၊ ဝက်လက်မြို့နယ်ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးတိုက်ပွဲကျသေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာကြောင့် တာဂဏန်း၊ ရှားတော၊ ဇီးတောကျေးရွာတွေနဲ့ အနီးတဝိုက်ကျေးရွာတွေက ဒေသခံလူဦးရေ ၃,၀၀၀ ခန့်ထွက်ပြေးခဲ့ရပြီး အောက်တိုဘာ ၃ ရက်မှာတော့ ကျေးရွာတွေမှာ ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

တိုက်ခိုက်မှုကိုတော့ ရွေဘိုမြို့နယ်အတွင်း တိုက်နယ်နဲ့ကျေးရွာပကဖအဖွဲ့တွေ၊ ဝက်လက်နယ်ဒေသကာကွယ်ရေးအဖွဲ့တွေအပါအဝင် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားနေချိန် အောက်တိုဘာ ၂ ရက်မနက် ၁၁ နာရီလောက်မှာ ရွှေဘိုအခြေစိုက် ခမရ ၁၁ က ပစ်ကူပေးတဲ့လက်နက်ကြီးဗုံးသီးဟာ ရွှေဘိုမြို့၊ အမှတ် ၇ ရပ်ကွက်ရှိ အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲလို့ ကိုရင် ၃ ပါး ပျံလွန်တော်မူကာ ၈ ပါးထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ⁩၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။