ဝါရင့် မွေထိုင်းဖိုက်တာ ဆမ်အေ ကို သွေးလင်းထက် အမှတ်နဲ့ရှုံး (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅။

ယနေ့ည ယှဉ်ပြိုင်နေတဲ့ One Friday Fight 126 စတောဝိတ်မွေထိုင်းပွဲစဉ်မှာ ထိုင်းဖိုက်တာ ဆမ်အေ ကို သွေးလင်းထက် အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး သွေးလင်းထက်ရဲ့ နိုင်ပွဲဆက်နေမှု ရပ်တန့်ခဲ့ရပါတယ်။

မွေထိုင်း ဝါရင့်ဖိုက်တာ ဆမ်အေ နဲ့ သွေးလင်းထက်တို့ တွေ့ဆုံမှုမှာ ၁ ကြိမ်စီ အမှတ်စဉ် ရေတွက်ခံခဲ့ရပေမယ့် ဆမ်အေရဲ့ သမ္ဘာကို သွေးလင်းထက် ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ဆမ်အေက ၃ ချီလုံး သွေးလင်းထက်ကို အသာစီးထိုးသတ်သွားခဲ့ပြီး ပွဲအပြီးမှာတော့ ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရလဒ်ကို ရယူသွားနိုင်ခဲ့တာပါ။

One Championship မှာ နိုင်ပွဲဆက်ပြီး အပိုဆုကြေးတွေရလေ့ရှိတဲ့ သွေးလင်းထက်ကတော့ ဒီပွဲမှာ ထူးထူးခြားခြား လုပ်ပြနိုင်တာမျိုးမရှိခဲ့ဘဲ သူ့ရဲ့နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။