လင်မယားစကားများပြီး လူကို ဓာတ်ဆီလောင်းမီးရှို့ရာက နေအိမ် ၃၀ ကျော်မီးလောင်

0 1
0 1

မကွေး၊ ဧပြီ ၃၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာမှာ လင်မယားစကားများပြီး လူကိုဓာတ်ဆီလောင်းမီးရှို့ရာမှ နေအိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ခန်ကုန်းကျေးရွာနေ ဦးဝေဖြိုးအောင်ဆိုသူမှာ ဇနီးဖြစ်သူနဲ့စကားများပြီး ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်းမီးရှို့ရာက နေအိမ်ကိုမီးကူးစက်လောင်ကျွမ်းပြီး အခြားနေအိမ်တွေပါ မီးလောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လင်မယားက သူတို့အိမ်တွင်းရေးကိစ္စ စကားများကြရာကနေ အမျိုးသားက သူ့ကိုယ့်သူဓာတ်ဆီလောင်းမီးရှို့တာ။ အဲဒါကနေ သူအိမ်လည်းမီးလောင် အခြားအိမ်တွေလည်း မီးကူးကုန်တာ။ တော်တော်လေး မီးငြိမ်းလိုက်ကြရတယ်။ အိမ်တွေကော နွားတင်းကုပ်တွေကော တော်တော်များများပဲ” လို့ ပြောပါတယ်။

မီးလောင်လို့ လူနေအိမ် (၃၂) လုံး၊ နွားတင်းကုတ် (၁၁)လုံး၊ လက်တွန်းထွန်စက် (၁)စီး၊ ဆိုင်ကယ် (၁)စီးနဲ့ စပါးတင်း (၃၀၀) ကာလတန်ဖိုး ကျပ်သိန်း ၇၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်လို့ အိမ်ထောင်စု (၃၄)စုမှ အိမ်ခြေ (၃၂)လုံး၊ လူဦးရေ (၁၄၈)ဦး မီးဘေးသင့်ခဲ့လို့ ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ပြောင်းရွေ့ထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်းမီးရှို့သူ ဦးဝေဖြိုးအောင်ဆိုသူမှာလည်း မီးလောင်ဒဏ်ရာတွေကြောင့် မင်းဘူးဆေးရုံကို အရေးပေါ်ပို့ထားရတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မတ်လ ၁၁ ရက်နေ့ကလည်း ကိုင်းကြီးမကျေးရွာမှာ ဒေါ်မြင့်မြင့်သန်း နေအိမ် နွားတင်းကုပ်မှာ ဝက်စာအိုးကျိုရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။