10 July 2026 12:03 PM

မကွေးကောင်းမွန်စင်တာအနီးမှာ မွေးကင်းစကလေးငယ် စွန့်ပစ်ခံရ

0 1
0 1

မကွေး၊ ဧပြီ ၃၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးမြို့၊ ရွာလေးမြေနီကုန်းရပ်ကွက်၊ ကောင်းမွန်ဈေးဝယ်စင်တာအနောက်ဘက်၊ ချောင်းရိုးလမ်းကြားမှာ ဧပြီလ ၂ ရက် မနေ့ ညနေ ၆ နာရီခန့်က မွေးကင်းစကလေးငယ် ၁ ဦးကို လာရောက်စွန့်ပစ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မွေးကင်းစကလေးငယ်စွန့်ပစ်ခံထားရတာကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ပြီး အကြောင်းကြားခဲ့လို့ ပရဟိတအသင်းတွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက လာရောက်ကောက်ယူသွားတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကလေးက ချက်ကြိုးတောင် မပြုတ်သေးဘူးဆိုတော့ မွေးထားတာမကြာလောက်သေးဘူး။ ကလေးအခြေအနေကို ကြည့်ရသလောက်က ဆေးရုံမှာမွေးပြီး၊ မိဘတွေက ဆေးရုံကနေ ခိုးဆင်းပြီး လာပစ်သွားတာ ဖြစ်နိုင်တယ်။ ကလေးက အသည်းရောင်အသားဝါလည်း ဖြစ်နေလို့ ဓာတ်ကင်ထားရတဲ့ ပုံစံမျိုးလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

စွန့်ပစ်ခံရတဲ့ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး ပတ်ဝန်းကျင်ကတွေ့ချိန်မှာ အသည်းရောင်အသားဝါ ဖြစ်နေလို့ မကွေးဆေးရုံကို ပို့ဆောင်ကုသထားရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၃ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ ရွာလေးမြေနီကုန်းရပ်ကွက်က လင်မယား ၂ ဦးက မွေးစားဖို့တောင်းခံလို့ သက်ဆိုင်ရာက ခွင့်ပြုပေးခဲ့တာကြောင့် ဆေးရုံကနေဆေးစစ်ပြီး နေအိမ်ကို ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။