ဝက်လက်က NUG အသိအမှတ်ပြုစာသင်ကျောင်းကို စာရေးကိရိယာလှူဒါန်း

စစ်ကိုင်း၊ ဧပြီ ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ – NUG အသိအမှတ်ပြု စာသင်ကျောင်းတကျောင်းကို ဧပြီလ ၂ ရက် ဒီမနက်က အလှူရှင်တွေကိုယ်စား ကျောင်းသုံးစာရေးကိရိယာတွေ လှူဒါန်းခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း Eagle Guerrilla Force ဆီက သိရပါတယ်။

ကျောင်းသားကျောင်းသူ ၄၁ ဦးတက်ရောက်နေတဲ့ အလယ်တန်းဆင့် ကိုယ့်ထူကိုယ်ထကျောင်းဖြစ်ပြီး ဒီနေ့မနက် ၈ နာရီခွဲက လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

“အလှူရှင်တွေ ယုံကြည်လို့အပ်နှံထားတဲ့ စာရေးကိရိယာတွေကို အလှူရှင် ပြည်သူ့ချစ်သမီးတွေ ကိုယ်စား ကျနော်တို့တပ်ဖွဲ့က သွားရောက်လှူဒါန်းခဲ့တာပါ။ ကျောင်းမှာကလိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်၊ လှူဒါန်းသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ Eagle Guerrilla Force ရဲ့ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။

စာအုပ် ၄၁ ဒါဇင်၊ ခဲတံ ၄၁ ဒါဇင်၊ ခဲဖျက် ၄၁ ခု၊ ဘောပင် ၄၁ ချောင်း၊ ကွန်ဗာဗူး ၄၁ ဗူး၊ လွယ်အိတ် ၄၁ အိတ်၊ KG ကနေ G7 အထိ ဖတ်စာအုပ်ဘာသာစုံ ၃၅ စုံလှူဒါန်းခဲ့တာဖြစ်ပြီး၊ ကျန်ဖတ်စာအုပ် ၆ စုံကတော့ အခြားကျောင်းသားဟောင်းတွေဆီကနေ ပြန်လည်ရရှိတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီကျောင်းဟာ အခုနှစ်ဖေဖေါ်ဝါရီလ ၁၀ ရက်မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး၊ စေတနာ့ဝန်ထမ်းဆရာ ၁ ဦးနဲ့ ဆရာမ ၃ ဦးက သင်ကြားပေးနေတာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။