“အစွန်းရောက်တို့ သွားရာလမ်း” စာပါလည်ဆွဲနဲ့ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ့ရှိ

0 1
0 1

မန္တလေး၊ ဧပြီ ၂၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြားရွာထိပ်မှာ အမျိုးသား ၁ ဦး အသတ်ခံရပြီး လည်ပင်းမှာ “အစွန်းရောက်တို့ သွားရာလမ်း” စာသားပါ လည်ဆွဲကိုလည်း ချိတ်ဆွဲခံထားရတယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်မနေ့ကမနက် ၅ နာရီလောက်က ကြားရွာထိပ်လမ်းဘေးမှာ လက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသားတဦးကို တွေ့ခဲ့ရတာလို့ ဒေသခံတဦးကပြောပါတယ်။

“ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သဘောရှိတယ်။ ပြီးတော့ အလောင်းပေါ်မှာ လည်ဆွဲတခုဆွဲထားပေးတာ တွေ့ရတယ်။ လူသတ်ပြီး လည်ဆွဲ ဆွဲပေးတတ်တာက ပျူတွေနဲ့ သွေးသောက်အဖွဲ့တွေရဲ့ လုပ်ရပ်ပဲ။ အလောင်းတွေ့တယ်ဆိုပြီး စကစ ဘက်က အလောင်းလာကောက်သွားကြတာတော့ သိရတယ်”လို့ ပြောပါတယ်။

ဒီလုပ်ရပ်ကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်တပ်ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လုပ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

အသတ်ခံရသူဟာ ကြားရွာက ဒေသခံမဟုတ်သလို သူနဲ့ပက်သက်တဲ့အသေးစိတ်အချက်အလက်နဲ့ ဘယ်အဖွဲ့အစည်းက ခုလိုဖမ်းဆီးသတ်ဖြတ်ခဲ့လဲ ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ်လ ၂၂ ရက်မနက် ၁၁ နာရီခန့်မှာလည်း မတ္တရာမြို့နယ်၊ တံတားဖြူကျေးရွာနဲ့ ကျောက်တံတားကျေးရွာတွေမှာ အမျိုးသား ၃ ဦးပစ်သတ်ခံထားရပြီး အလောင်းတွေပေါ်မှာ “သွေးသောက်အဖွဲ့၊ အနီရောင်စစ်ဆင်ရေး မတ္တရာ” စာသားပါ တံဆိပ်ဝိုင်းတွေကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။