⁨ပြည်တက္ကသိုလ်မှာ အဝေးသင်တက်နေရင်း ပေါ်တာဆွဲခံရပြီး စစ်ကော်မရှင်လက်ကထွက်ပြေးလွတ်မြောက်လာတဲ့ မောင်မျိုးမင်းဟိန်းနဲ့အင်တာဗျုး (ရုပ်/သံ)

0 6
0 6

မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၅။

အသက် ၂၁ နှစ်အရွယ် မောင်မျိုးမင်းဟိန်းဟာ ပြည်အဝေးသင်တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်နဲ့ ပထမနှစ်တက်ရောက်နေသူဖြစ်ပြီး ဩဂုတ်လဒုတိယပတ်အတွင်းက ၎င်းရဲ့သူငယ်ချင်းအမျိုးသား ၂ ဦးနဲ့အတူ ဆိုင်ကယ်စီးနင်းနေစဥ် ပြည်၊ မြို့သစ် ၁၇ လမ်းအရောက်မှာ စစ်ကော်မရှင်တပ်သားတွေရဲ့ ဖမ်းဆီးတာကိုခံလိုက်ရကာ အမှတ် ၉၅၉ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ခွဲ အတွင်း ၃ ရက်ကြာ ထိပ်တုံးခတ်ဖမ်းဆီးထားခဲ့ပါတယ်။

အဲ့ဒီနောက် ရွှေတောင်မြို့အခြေစိုက် ခလရ ၁၄ ကို ပြောင်းရွှေ့ကာ ဆက်လက်ဖမ်းဆီးထားစဉ် စက်တင်ဘာ ၅ ရက်မှာ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်အဖွဲ့နဲ့ဆက်သွယ်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

အခုတော့ မောင်မျိုးမင်းဟိန်းဟာ ရွှေတောင်ပကဖဆီမှာ တာဝန်ထမ်းဆောင်နေပါပြီ။ မောင်မျိုးမင်းဟိန်း စစ်ကော်မရှင်တပ်ထဲက ထွက်ပြေးလွတ်မြောက်ခဲ့ပုံကို မြေလတ်အသံကမေးမြန်းထားပါတယ်။

အင်တာဗျူး – ကျော်ကြီး၊ တည်းဖြတ် – HP⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။