ကန့်ဘလူမှာ စစ်ရှောင်လူငယ် ၂ ဦးကို စစ်တပ်ကဖမ်းပြီး ၁ ဦးကို ပစ်သတ်သွား

စစ်ကိုင်း၊ မတ် ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က တောစပ်တခုမှာ တဲထိုးပြီး စစ်ရှောင်နေသူတွေထဲက လူငယ်အမျိုးသား ၂ ဦးကို မတ်လ ၃၀ ရက်ဒီမနက် ၆ နာရီခန့်မှာ ဖမ်းဆီးပြီး ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာသား ကိုဖိုးခါ (ခ) အောင်ကျော်ထွေး ၂၂ နှစ်နဲ့ ၁၅ နှစ်အရွယ် ကလေးတဦးကို ဖမ်းဆီးခဲ့ပြီးနောက် ကိုဖိုးခါကိုတော့ ချပ်သင်းဘေးမဲ့တောအစပ်မှာ ပစ်သတ်ခဲ့တယ်လို့ ရွာခံသားတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Supporters For 5/မှ တာဝန်ခံဘရာဗိုလ်က ပြောပါတယ်။

“ပြည်သူပိုင်နေအိမ်တွေ မီးရှို့ခံရတော့ ရွာထဲမနေရဲကြတော့ တောထဲ၊ လယ်ယာကွင်းတွေဘက်မှာ ထွက်ပြီး နေစရာဖြစ်သလိုဆောက်နေကြတဲ့ တဲငယ်လေးတွေပါ။ ကလေးတွေက အိပ်ရာကနိုးလို့ အပေါ့စွန့်နေတဲ့အချိန်မှာ စကစတွေက တဲနားကနေဖြတ်သွားတယ်။ ကလေးတွေက စကစတွေကိုမြင်လို့ ပြေးတဲ့အခါမှာ ပစ်ပြီးဖမ်းတာ။ အဲဒီကလေး ၂ ယောက်ထဲက တယောက်ကိုသတ်ပြီး နောက်တယောက်ကို ခေါ်သွားတာ” လို့ ဆိုပါတယ်။

အဲ့ဒီစစ်သားတွေဟာ ကိုးတောင်ဘို့စခန်းကဖြစ်ကာ အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းဝင်လာချိန်မှာ ခုလိုဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ ၁၅ နှစ်အရွယ် ကလေးကိုတော့ ဆက်လက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက အင်အား ၄၀ လောက်နဲ့ အလယ်ခုံကျေးရွာကိုရောက်လာပြီး အပြန်မှာ ကျေးရွာကို မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တဲ့အတွက် ထောင်ချီတဲ့ ဒေသခံတွေဟာ ရွာအနီးက တောစပ်၊ တောတိုက်ထဲမှာ တိမ်ရှောင်နေရကြရတာဖြစ်ပြီး လက်ရှိမှာ စာနပ်ရိက္ခာအခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။