5
မြေလတ်အသံ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။
မြေလတ်ဒေသကသတင်းတွေကို တင်ဆက်ပေးနေတဲ့ မြေလတ်အသံသတင်းဌာနရဲ့ တနေ့တာသတင်း အစီအစဉ်ဖြစ်ပါတယ်။
- မိုးကုတ်မြို့ ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦးထိခိုက်ကာ နေအိမ် ၄ လုံးပျက်စီး
- မုံရွာမှာလက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး
- ကန့်ဘလူမှာ ၁၄ နှစ်အရွယ်ကလေးငယ်အပါ ၆ ဦးမီးရှို့သတ်ခံရပြီး၊ ကလေး ၁ ဦး ထွက်ပြေးလွတ်မြောက်
- တိုက်ပွဲဖြစ်ခဲ့တဲ့ချောင်းမရွာကို ပစ္စည်းပြန်ယူတဲ့အမျိုးသား အိမ်ခြံဝန်းထဲမြေမြှုပ်မိုင်းနင်းမိပြီး ခြေပြတ်
- စစ်ဘေးရှောင်ကလေးငယ်တွေ သီတင်းကျွတ်ကစားနိုင်ဖို့ မီးပုံးတွေလှူဒါန်း
စတဲ့သတင်းတွေကို တင်ဆက်ထားပါတယ်။