27 July 2026 6:43 AM

ဒေါ်အောင်ဆန်းစုကြည်လမ်းမှာ ဗုံးဖြုတ်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဗုံးပေါက်ကွဲလို့ သေဆုံး

0 1
0 1

မန္တလေး၊ မတ် ၂၇၊ ၂၀၂၃။

မန္တလေးမြို့၊ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ ရတနာပုံခန်းမအနီးမှာ ဗုံးတလုံးကိုတွေ့ရှိပြီး လမ်းပိတ်ဖြုတ်နေချိန်မှာ နောက်ထပ်ကျန်ရှိတဲ့ ဗုံး ၂ လုံးပေါက်ကွဲလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်နေ့ ဒီနေ့ မနက် ၇ နာရီလောက်မှာ ရတနာပုံခန်းမအနီး မြနန္ဒာစစ်ဆင်ရေးအနေနဲ့ Banner ကိုချိတ်ဆွဲထားပြီး မြနန္ဒစစ်ဆင်ရေးအဖွဲ့က မိုင်းသုံးလုံး ထောင်ထားခဲ့ပါတယ်။

အဲဒီဗုံးသုံးလုံးထဲက တလုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက တွေ့ရှိသွားပြီး ရှင်းလင်းရေးပြုလုပ်နေချိန် မနက် ၈ နာရီ ၄၀ မိနစ်လောက်မှာ မြနန္ဒစစ်ဆင်ရေးရဲဘော်တွေက ကျန်နေသေးတဲ့ ဒုတိယမိုင်းနဲ့ တတိယမိုင်းကို အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့တယ်လို့ Voice Of Mandalay က ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“ဗုံးပေါက်ကွဲပြီတော့ လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်။ သေတာတော့ ၂ ယောက်သေတယ်။ သေတာကို ဘယ်လိုသိရလဲဆိုတော့ ကျနော်တို့ မြေပြင်သတင်းပေးတွေဆီကနေ သိရတာပါ။ ထိခိုက်ဒဏ်ရာရတာတွေတော့ မကြားမိဘူး” လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့်လည်း မြနန္ဒစစ်ဆင်ရေးရဲဘော်တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း အဲဒီ ရတနာပုံခန်းမအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

မတ်လ ၁၄ ရက်နေ့ကလည်း မတ္တရာကလဝက ဒုဦးစီးလည်းဖြစ်သလို ပျူစောထီးစည်းရုံးရေးနဲ့ ထောက်ပို့လုပ်နေတဲ့ ဦးကျော်နိုင်ဦး ဆိုသူကို ဝရင်းတုတ်ရွာက တံတားထိပ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Voice Of Mandalay က ထုတ်ပြန်ထားပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။