လူမနေတဲ့စစ်ရှောင်ရွာကို စစ်အုပ်စုက အကြောင်းမဲ့မီးရှို့လို့ ရွာလုံးကျွတ်နီးပါးပြာကျ

0 1
0 1

တမူး၊ မတ် ၂၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာသစ်ကို စစ်ကောင်စီနဲ့ပျူတပ်သားတွေက မတ်လ ၂၆ ရက် ညနေပိုင်းအချိန်မှာ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။

ကွန်းတောင်းရွာ(သစ်)ရွာခံတွေဟာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲက ဘေးလွတ်ရာဒေသတွေကို ရှောင်တိမ်းနေရလို့ လူနေထိုင်တာမရှိတော့ဘဲ အိမ်ခြေ ၂၉ လုံးရှိတာမှာ ၂၄ လုံးပြာကျပျက်စီးသွားခဲ့တာဖြစ်တယ်လို့ တမူး PDF ဌာနချုပ်တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“အိမ်ခြေကတော့ ရွာသစ်ဆိုတော့ အိမ်ခြေနည်းနည်းလေးပါ။ အိမ်ခြေ ၂၉ အိမ်မှာ ၂၄ အိမ်ရှို့သွားတာ။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ အကြောင်းမဲ့ဝင်ရှို့တာပါ။ လူတွေက အရင်တိုက်ပွဲတွေကြောင့် ရှောင်ပြေးနေကြတာ လူလည်းမရှိဘူး။ ဒီတိုင်းမီးတင်ရှို့သွားတာ” လို့ ပြောပါတယ်။

လူနေထိုင်မှုမရှိတဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်အုပ်စုဟာ အင်အား၂၀၀ ခန့်ရှိ ကလေးမြို့အခြေစိုက် ခလရ ၂၂၈ တပ်ရင်းက စစ်ကောင်စီတပ်နဲ့ပျူစောထီး၊ SNA ပူးပေါင်းတပ်တွေဖြစ်ပြီး ပျူစောထီးရွာဖြစ်တဲ့ ကွန်းတောင်းရွာဟောင်းမှာ အထိုင်ချတပ်စွဲနေတာလို့ ဆိုပါတယ်။

“စကစတွေကတော့ ခမရ ၂၂၈ တပ်ရင်းက ကောင်တွေဖြစ်တယ်။ ၂၂၈ တပ်ရင်းအထိုင်ဆိုပေမယ့် လိုရင်လိုသလို အင်အားထပ်ဖြည့်တဲ့အပြင် ပျူ၊ SNA ၊ ကသဲစကစတွေနဲ့ ပေါင်းတော့အင်အားက ၂၀၀ လောက်ရှိတာ” လို့ သူကပြောပါတယ်။

Data For Myanmar ရဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် အခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့မှုကြောင့် စစ်ကိုင်းတိုင်းမှာ လူနေအိမ် ၄၇,၇၇၈ လုံး၊ မကွေးတိုင်းမှာ ၉,၀၁၉ လုံး၊ ချင်းပြည်နယ်မှာ ၁,၄၈၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။