မုံရွာမှာ ၁ ရက်တည်း အမျိုးသမီး ၃ ဦးအဖမ်းခံရ

0 1
0 1

စစ်ကိုင်း၊ မတ် ၂၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်သားတွေက မတ်လ ၂၆ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဖမ်းခံရသူမှာ မအေးမြတ်သူနဲ့ အခြားအမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး၊ သူတို့ကို စစ်ကောင်စီတပ်သားတွေက အိမ်စီးကားနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

“အေးမြတ်သူက သားသည်လမ်းနဲ့ တိုင်းရင်းဆေးရုံလမ်းထိပ်မှာ စကစတွေနဲ့ တွေ့ပြီး အဖမ်းခံရတာ။ နောက်နှစ်ယောက်ကတော့ ရတနာစက်ဘီး အရောင်းဆိုင်မှာ အဖမ်းခံရတာ။ သူတို့က ဝန်ထမ်းလား၊ ဝယ်သူတွေလားတော့ မသိရသေးဘူး။ စက်ဘီးဆိုင်ကို စကစတွေက ကားတစီးနဲ့ရောက်လာပြီးတော့ ဆိုင်မှာရှိတဲ့ လူတွေအကုန်လုံးကို တနာရီကြာ ဒူးထောက်ခိုင်းခဲ့တယ်တဲ့။ ပြီးမှပဲ အဲ့အထဲက အမျိုးသမီးနှစ်ယောက်ကို ဖမ်းသွားတာ” လို့ ဆိုပါတယ်။

ဖမ်းဆီးခံ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

မုံရွာမြို့မှာ မတ်လ ၂၆ ရက်တနေ့တည်းမှာ စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ အက်တောရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်၊ သာစည်လမ်းနဲ့ တိုင်းရင်းဆေးရုံလမ်းမတို့မှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလိုအမျိုးသမီး ၃ ဦး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးတွေဟာ အသက် ၂၀ နဲ့ ၃၀ နှစ်အရွယ်တွေဖြစ်ပြီး၊ သူတို့ကို ဘာကြောင့်ဖမ်းဆီးပြီး၊ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာကိုတော့ ခုချိန်ထိ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့လယ် ၂ နာရီလောက်မှာလည်း မုံရွာမြို့နယ်၊ မုံရွေးကျေးရွာ စျေးအနီးရှိ လက်ဖက်ရည်ဆိုင်တဆိုင်အပါအဝင် လူနေအိမ် ၂ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။